A d v e r t i s e m e n t With Us

သီးလေးသီး အဖွဲ့ဝင်​ ဆေးရောင်စုံ ၄ ဦး မြန်မာပြည်သို့ ပြန်လာပြီ

ချင်း​မိုင်​ေလ​ဆိပ်​တွင် ​တှေ့​ရ​စဥျ
သရုပ်ဆောင်လူရွှင်တော် ဇာဂနာ ဦးဆောင်တည်ထောင်ပေးခဲ့တဲ့ သီးလေးသီး ဆေးရောင်စုံအငြိမ့်က အဖွဲ့သား ၇ ဦးထဲက ၄ ဦး မြန်မာနိုင်ငံကို ဒီနေ့ ပြန်လာကြပါတယ်။ [caption id="attachment_15398" align="alignright" width="300" caption="ချင်းမိုင်လေဆိပ်မှ​​ မထွက်ခွာမီ​"][/caption] လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ ခေါင်းဆောင် မင်းသမီး ချောစုမျိုးတို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ဒီနေ့ညနေမှာ အဲပုဂံလေယာဉ်နဲ့  မြန်မာနိုင်ငံကိုပြန်သွားကြတာပါ။ မြန်မာစံတော်ချိန် ၅ နာရီ မိနစ် ၅၀ မှာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိပြီး နေအိမ်တွေကို ရောက်ရှိသွားကြပါပြီ။ သူတို့ပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ ပြည်တွင်းသတင်းမီဒီယာသမားတွေနဲ့ ဆွေမျိုးသားချင်းတွေ အများအပြား လာရောက် စောင့်ကြိုကြပါတယ်။ မြန်မာပြည်ကိုပြန်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လူရွှင်တော် ဂေါ်ဇီလာက “ပြည်တော်ပြန်ဝင်သွားရတဲ့ အဓိက အကြောင်းအရင်းကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကနေပြီးတော့ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ပြည်ပရောက်မြန်မာများနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်ပရောက် မြန်မာတွေကို ဖိတ်ခေါ်ပါတယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ကို ကျနော်တို့က လေးစားတယ်၊ ကြိုဆိုတယ်၊ အဲဒီအတွက်ကြောင့် ပြန်ဝင်တာပါ။” လို့ ပြောပါတယ်။ သီးလေးသီးအဖွဲ့ကို စတင်တည်ထောင်တဲ့ လူရွှင်တော် ဇာဂနာကိုတော့ အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားပြီး မိသားစုနဲ့ဝေးတဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေပါတယ်။ [caption id="attachment_15431" align="alignleft" width="310" caption="မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိချိန်​ မီဒီယာကို​ ​ကိုဂေါ်ဇီလာ​ ​ဖြေကြား​နေစဉ်"][/caption] ဂေါ်ဇီလာက “အစိုးရသစ်ကလည်း ခြေလှမ်းတွေက တိုးတက်တဲ့ ခြေလှမ်းတွေကို မြင်နေရပြီ။ နိုင်ငံရေး အကျဉ်းသားတွေလည်း မကြာခင်အချိန်မှာ ပြန်လွှတ်ပေးမှာပါ။ အဲဒီတော့ ကျနော်တို့က ကိုဇာဂနာတို့ မလွတ်ခင်မှာ ကြိုဝင်ထားတာဆိုတော့ အနုပညာလုပ်ငန်းတွေမှာ ကြိုပြင်ဆင်ထားမယ်။ ကိုဇာဂနာ လွတ်လာတဲ့အခါ အဆင်သင့်ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။”လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ အရင်လို အနုပညာအလုပ်တွေ လုပ်ခွင့် ရနိုင်ပါ့မလားလို့ မေးမြန်းတဲ့အခါ ဂေါ်ဇီလာက “ကျနော်တို့ကတော့ လုပ်ပိုင်ခွင့်တွေ ရမယ် ထင်ပါတယ်။ ရမယ်လို့လည်း ယုံကြည်ပါတယ်။ ရမယ်လို့လည်း မျှော်လင့်ထားတဲ့ အတွက် ကျနော်တို့က မရခဲ့ရင်ဆိုတာကို မစဉ်းစားထားပါဘူး။” လို့ ပြောပါတယ်။ သီးလေးသီး ဆေးရောင်စုံထဲက လူရွှင်တော် ပန်းသီး၊ ကြယ်သီးနဲ့ မင်းသမီး မြစပယ်ငုံ တို့ကတော့ သူတို့မြန်မာပြည်ကို ပြန်သွားချိန်မှာ ဆရာကိုဇာဂနာက လာရောက် ကြိုဆိုတာမျိုးကိုပဲ မျှော်လင့်ထားကြတယ်လို့ ဆိုပါတယ်။ သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လူရွှင်တော် ကိုဇာဂနာက စတင် ထူထောင်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းအငြိမ့်ပွဲကနေ အောင်မြင်မှုရရှိလာပါတယ်။ အဲ့ဒီနောက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို လှည့်လည်ဖျော်ဖြေပြီး ၄ နှစ်နီး​ပါး​အကြာမှာ အဖွဲ့ထဲက ၄ ဦး မြန်မာပြည်ကို ပြန်လာကြတာပါ။

A d v e r t i s e m e n t With Us

More News
Up