DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရိုးရာဆိုကရေးတီးပြိုင်ပွဲ အ​တွက်​ ခေတ်အကြိုက်တေးသီချင်းများ​​ ထည့်သွင်းမှုအပေါ် ဝေဖန်
DVB
·
September 11, 2011
Donate to DVB

အစိုးရသစ်လက်ထက် ပထမအနေနဲ့ ပြန်လည်ကျင်းပဖို့ စီစဉ်လာတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲမှာ ခေတ်အကြိုက်တေးသီးချင်းတွေကို ထည့်သွင်းယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ အပေါ် ဂီတလောကသားအချို့က ဝေဖန်လိုက်ကြပါတယ်။

အစိုးရသစ်ရဲ့ ပြန့်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ဦးဆောင်စီစဉ်မှုနဲ့ အရင်အစိုးရလက်ထက် ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာရိုးရာယဉ်ကျေးမှု​ ဆိုကရေးတီပြိုင်ပွဲရဲ့ အဆင့်မြင့်ပညာအဆင့်မှာ ထည့်သွင်းရှင်ဖို့ ထုတ်ပြန်ထားတဲ့ ထူးအယ်လင်းရဲ့ ထာဝရခရီးသည်၊ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ရင်သွေးငယ်၊ ခင်မောင်တိုးရဲ့ ပန်းချစ်သူ၊ ထွန်းအိန္ဒြာဗိုရဲ့ ချစ်သူရဲ့သီချင်းနဲ့ Lဆိုင်းဇီ ပြန်လည်သီဆိုထားတဲ့  “လာချင်ရင် အနီးလေး” သီချင်းတွေ ထည့်သွင်းလာမှုအပေါ် ဝေဖန်ထားကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီလို ဝေဖန်ထားတဲ့ထဲက တေးရေးတေးဆို ကိုဆောင်းဦးလှိုင်က ...

“အစိုးရအဖွဲ့ တခုပြီးတခု ပြောင်တဲ့အချိန်မှာ ပြောတဲ့ အချက်အလက်တွေ အမြောက်အမြား ရှိတာပေါ့ဗျာ။ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အားကစားပေါ့။ အဲဒီလိုတွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမယ့် အ၀တ်အစားပဲ ဖြစ်ဖြစ်၊ အပြောအဆို၊ အပြုအမှုအနေအထိုင်ပဲ ဖြစ်ဖြစ်၊ အနုပညာပဲ ဖြစ်ဖြစ် အဲဒီအချက်ကို ကျနော်တို့က အားပေး ထောက်ခံခဲ့ပါတယ်။ အဲဒါကတော့ ဖြစ်သင့်တဲ့ ကိစ္စပေါ့။ အခုကျတော့ သူတို့က ခေတ်ပေါ်သီချင်းတွေကို​ ပြိုင်တဲ့သူတွေက ရှိပြီးပြီဆိုတော့ ရိုးရာယဉ်ကျေးမှုကတော့ ရိုးရာယဉ်ကျေးမှုပဲ လုပ်တာ ကောင်းပါတယ်လို့ ကျနော် မြင်တယ်။ သကာရည်လောင်းပြီး ပြောတာ မဟုတ်ပါဘူး။ အမြင်ချင်း ကွာချင် ကွာမှာပေါ့ဗျာ။”

ဒါအပြင် ဒီသီချင်းတွေထဲမှာ ကော်ပီသီချင်းအချို့ပါဝင်နေတဲ့အပေါ်ကိုလည်း ကိုဆောင်းဦးလှိုင်ကပဲ ...

“ခေတ်ပေါ်သီချင်းတွေကို စာရင်းထဲ ထည့်ပေးတယ်ဆိုတာ ခေတ်ပေါ် ဂီတ ပညာရှင်တယောက်အနေနဲ့ ကြည့်လိုက်ရင်တော့ ၀မ်းသာစရာလိုလိုတော့ ဖြစ်ပေမယ့် တချို့ကော်ပီတွေပါ ပါနေတာကျတော့ ပိုဆိုးသွားတာပေါ့ဗျာ။ အဲဒါကို နိုင်ငံတော်အဆင့်မှာ ပြိုင်ခိုင်းမယ်ဆိုတော့ တမျိုးဖြစ်တယ်ဗျာ။ အဲဒီသီချင်းတွေတော့ မထည့်သင့်ဘူးလို့ ကျနော်မြင်တယ်။ ကော်ပီတွေ ပါနေတဲ့ အပေါ်တော့ ကျနော် အံ့ဩမိတယ်။ မသိလို့ ဖြစ်နိုင်တယ်ဗျ။”

ဒီလိုကော်ပီသီချင်းအချို့ ပါဝင်နေတဲ့အပေါ် မြန်မာရိုးရာဂီတတွေကို ခေတ်ပေါ်ဂီတတွေနဲ့ ပေါင်းစပ်ဖန်တီးနေတဲ့ တေးသံရှင် ကိုသားစိုးကလည်း

“နည်းလမ်းက နည်းနည်းလေး လွဲနေတယ်လို့ ကျနော်ယူဆတယ်ဗျ။ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ပိုပြီး လုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ ခုဏလို အထင်မှား အမြင်မှားတွေ ဖြစ်မလာအောင်လည်း ယဉ်ကျေးမှု ဘက်ကနေလည်း ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောဖို့ဆို​ဖို့​ လိုအပ်တယ်။ ပြီးတဲ့အခါကျတော့ ဒီသီချင်းတွေက ကော်ပီလား ကိုယ်ပိုင် ဖန်တီးထားတဲ့ဟာလားဆိုတာလည်း အရေးကြီးမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ ဆိုပြီးတော့ ယဉ်ကျေးမှုထဲ ထည့်လိုက်မယ်ဆိုရင် ဒါကြီးက သူများသံစဉ်ကို ခပ်တည်တည်နဲ့ သီဆိုနေတဲ့သီချင်းကို နိုင်ငံတကာက သိသွားရင် အင်မတန်ကို ရှက်ဖို့ ကောင်းပါတယ်။ ”

ဒါ့အပြင် မြန်မာရိုးရာယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်နဲ့ မလုပ်ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အခြားပုံစံမျိုးနဲ့ နိုင်ငံတော်အဆင့် ကျင်းပပေးရင်ပိုကောင်းမယ်လို့လည်း သားစိုးက ဆိုပါတယ်။

“ကဏ္ဍတခု ထားပေးထားမယ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ရေးရာသံစဉ်နဲ့ အနောက်တိုင်းသံစဉ်နဲ့က ခေတ်ပေါ်ဟာနဲ့က မတူတာတွေ အများကြီး ရှိတယ်ဗျ။ ကျနော်က ဒီဟာကို ထဲထဲဝင်ဝင် လုပ်နေတဲ့သူ တယောက်ဆိုတော့ ဒါကို သတိထားမိပါတယ်။ ရိုးရာဆိုတဲ့ အမည်တပ်ထားရင်တော့ ဒီသီချင်းတွေကို ထည့်ထားတာ အဆင်မပြေဘူးလို့ ခံစားရတယ်။”

ဒီလို တန်းတူထားရှိတဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေမှာလည်း စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေရှိနေတယ်လို့ ကိုဆောင်းဦးလှိုင်က ထောက်ပြထား ပြန်ပါတယ်။

“ရိုးရာတို့၊ မဟာဂီတတို့မှာ စိတ်ဝင်စားမှု နည်းသွားရင် ဘယ်လိုလုပ်မလဲ။ စာရင်းလာပေးရင် ခေတ်ပေါ်ဟာတွေကို ၀င်ပြိုင်ကြဆိုတော့ အဲဒီမှာ စာရင်းတွေ အများကြီးပေးပြီး တဖက်က စိတ်ဝင်စားမှု လျော့သွားမှာ စိုးရိမ်ရမယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ ခေတ်ပေါ်ဂီတဆိုတာ စိတ်ဝင်စားတယ်လေ၊ သုဝဏ္ဏကွင်းမှာ လုပ်ရင်တောင် ရုံပြည့် သွားကြည့်နေကြတာ။ မြန်မာသံလုပ်ရင်သာ သုဝဏ္ဏကွင်းကြီး ပြည့်လာအောင် လူတသောင်းကျော်ဖို့က ခက်တာကိုးဗျ။”

ဒီမြန်မာရိုးရာယဉ်ကျေးမှုအဆိုအက အရေးအတီးပြိုင်ပွဲတွေရဲ့ အဆို ဘာသာရပ်မှာ ယှဉ်ပြိုင်ဖို့ ထည့်သွင်းထားတဲ့ သီချင်းတွေထဲမှာတော့ အရင်စစ်အစိုးရ လက်ထက်တွေက အစိုးရပေါ်လစီ အကျိုးပြုသီချင်းတွေလည်း ပါဝင်နေပါတယ်။

ဒီလို ဆိုကရေးတီးပြိုင်ပွဲတွေ ကျင်းပပြုလုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာန အစီအစဉ်တွေ စတင်ပြုလုပ်နေချိန်မှာပဲ ဆိုကရေးတီးပြိုင်ပွဲဝင်တွေ အတွက်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒေသအတွင်း အလှူငွေကောက်ခံတာတွေလည်း ရှိနေပါတယ်။

(၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ခေတ်အကြိုက် အဆိုဘာသာရပ်အတွက် ပြိုင်ပွဲဝင်များ လေ့လာရန် တေးသီချင်းများ

ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား)

၁။ မောင်တို့ချယ်ရီမြေ (ခေတ်ပေါ်စတူဒီယိုတေး) ၀င်းဦးနှင့်အဖွဲ့
၂။ ပိတောက်ရိပ်ဝယ် (ခေတ်ပေါ်စတူဒီယိုတေး) ၀င်းဦး
၃။ စည်းလုံးခြင်းအတွက် တေးတပုဒ် (အကျိုးပြုတေး) ဇော်ဝင်းထွဋ်
၎။ အဖေနှင့်သားများ (အကျိုးပြုတေး) ချစ်ကောင်း
၅။ ဇာတိမာန် (အကျိုးပြုတေး) ရဲဘော်ခင်မောင်လှ
၆။ ငွေဇင်ယော် (ခေတ်ပေါ်စတူဒီယိုတေး) ၀င်းဦး
၇။ ပန်းတွေနဲ့ဝေ (ခေတ်ပေါ်စတူဒီယိုတေး) စန္ဒရားလှထွဋ်
၈။ မဟာ (အကျိုးပြုတေး) ဇော်ဝင်းထွဋ်

ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသမီး)

၁။ တိမ်ပလီနွေနှောင်း (ခေတ်ပေါ်စတူဒီယိုတေး) ချိုပြုံး
၂။ စည်းလုံးနေတဲ့ တို့တပ်မတော်ပါ (အကျိုးပြုတေး) စိမ်းမို့မို့
၃။ အမြင်အတိုင်း (အကျိုးပြုတေး) ပိုးအိစံ
၎။ ထာဝရငြိမ်းချမ်းရေး (အကျိုးပြုတေး) မေဆွိ
၅။ မဲဇာမြိုင် (ခေတ်ပေါ်စတူဒီယိုတေး) မေရှင်
၆။ ရွှေပင်လယ် (ခေတ်ပေါ်စတူဒီယိုတေး) နွဲ့ယဉ်ဝင်း
၇။ တစိမ့်စိမ့်ရင်ထဲမယ် (ခေတ်ပေါ်စတူဒီယိုတေး) ကော်နီ
၈။ လွမ်းငွေ့ဝေေ၀ (ခေတ်ပေါ်စတူဒီယိုတေး) ဖြူသီ

အဆင့်မြင့်ပညာအဆင့်(အမျိုးသား)

၁။ ထာဝရခရီးသည် (ခေတ်ပေါ်စတူဒီယိုတေး) ထူးအယ်လင်း
၂။ တို့ယုံကြည် (အကျိုးပြုတေး) ကိုင်ဇာ
၃။ သဘာဝရဲ့ ရင်သွေးငယ် (ခေတ်ပေါ်စတူဒီယိုတေး) စိုင်းထီးဆိုင်
၎။ ပန်းချစ်သူ (ခေတ်ပေါ်စတူဒီယိုတေး) ခင်မောင်တိုး

အဆင့်မြင့်ပညာအဆင့်(အမျိုးသမီး)

၁။ ကမ္ဘာတည်နေသရွေ့ မြန်မာပြည်ရှိနေမှာ (အကျိုးပြုတေး) ဟေမာနေ၀င်း
၂။ ချစ်သူရဲ့သီချင်း (ခေတ်ပေါ်စတူဒီယိုတေး) ထွန်းအိန္ဒြာဗို
၃။ မြန်မာပြည်ကိုလာပါ (အကျိုးပြုတေး) အဖွဲ့
၎။ လာချင်ရင် အနီးကလေး (ရေဒီယို/ခေတ်ပေါ်စတူဒီယိုတေး) အယ်လ်ဆိုင်းဇီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013