ကလေးကို ခုန်အုပ်သည့် တိရစ္ဆာန်ရုံက ခြင်္သေ့ (ရုပ်သံ)

6.2K
ဂျပန်နိုင်ငံ တိုကျို အရှေ့ဘက် ချီဖာစီရင်စုက ချီဖာ သတ္တဗေဒဥယျာဉ်မှာ ကလေးတဦးကို ခြင်္သေ့တကောင်က ခုန်အုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်လည်း ကာရန်ထားတဲ့ ဖန်သားကြောင့် ကလေးကို ခုန်အုပ်မရ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ကလေးကို မခုန်အုပ်မီ ခြင်္သေ့က ကလေးကို ကြည့်နေခဲ့တာဖြစ်ပြီး ကလေး နောက်လှည့်တဲ့အချိန်မှာ ခုန်အုပ်လိုက်တာ ဖြစ်ပါတယ်။
ခုန်အုပ်လိုက်တဲ့အချိန် ခြင်္သေ့ဆီက ထွက်လာတဲ့အသံကြောင့် ကလေးက ထိတ်လန့်သွားပါတယ်။
ဒီဥယျာဉ်မှာ တိရစ္ဆာန်တွေကို အနီးကပ်ကြည့်နိုင်ဖို့အတွက် ဖန်သားအကာကို ဧပြီလက တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ဥယျာဉ် တာဝန်ရှိသူတွေကတော့ ခြင်္သေ့က ကလေးကို တိုက်ခိုက်တာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။