DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်သွင်းမည့် ကားအစီး ၅၀၀၀ ကျော် မဲဆောက်တွင် သောင်တင်
DVB
·
September 9, 2011
မြန်မာဘက်သွင်းမည့် ကားအစီး ၅၀၀၀ ကျော် မဲဆောက်တွင် သောင်တင်
Donate to DVB

မြန်မာနိုင်ငံကို တင်သွင်းမည့် ကားအစီး ၅၀၀၀ ခန့် မဲဆောက်မှာ သောင်တင်နေတယ်လို့ ထိုင်းရတ်အွန်လိုင်းသတင်းက ဖော်ပြပါတယ်။

[caption id="attachment_15351" align="alignleft" width="276" caption="မဲဆောက်တွင်​ ​သောင်တင်နေသည့်​​ ​ကားများ​(photo-http://cmupdatenews.blogspot.com)"][/caption]

မြန်မာဘက်ကမ်းကို တနည်းနည်းနဲ့ ကြံဖန်တင်သွင်းသွားတဲ့ ကားတွေကို မြန်မာအာဏာပိုင်တွေက ဖမ်းမိရင် ကားသိမ်းပြီး ပိုင်ရှင်ကိုထောင်ချမယ် ဆိုတဲ့ စည်းကမ်းတွေ တင်းကျပ်နေတာကြောင့် မဲဆောက်မှာ ကားတွေ သောင်တင်နေတာပါ။

ဂျပန်နိုင်ငံက သွင်းလာတဲ့ ဒီကားတွေကို မြန်မာပြည်ကို တင်ပို့ ဖို့ ထိုင်း အခွန်အကောက်ဌာနက ဖြတ်သန်းခွင့် ပေးထားတာ ဖြစ်ပါတယ်။

မဲဆောက်မြို့ မြန်မာကားကုန်သည်တဦးက     “အရင်က တရက်ကို ရာနဲ့ သွားတယ်။ အခု တရက်ကို ၁၀ စီး ၁၅ စီး အဲဒီလိုပေါ့။ အခု ကျနော်တို့ ကမ်းနားတလျှောက် ဂိတ်ကြီးရင် အစီးရေ ထောင်ပိုင်းရှိတယ်၊ ဂိတ်ငယ်က ရာဂဏန်းရှိတယ်၊ လာတာက ဂျပန်ကနေလာတယ်၊ ထိုင်းထဲမှာ ရောင်းခွင့် မရှိဘူးလေ၊ ဥပဒေအရဆိုရင် ကမ်းနားကနေ ဟိုဘက်ကိုပို့ရမယ်။”

ထိုင်းကားကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်ကို တင်သွင်းမယ့် ကားအစီး ၅၀၀၀ မက မဲဆောက်မှာ သောင်တင်နေတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ မြန်မာစစ်တပ်အသိုင်းအ၀န်းက ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အထူး မှာယူထားတဲ့ ဘဲန်း အက်စ်ခလပ် ၂၈၀ နဲ့ စပေါ့အမျိုးအစားကား အတော်များများ ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းအကောက်ခွန်ဌာနအနေနဲ့ မဲဆောက်မှာ သောင်တင်နေတဲ့ကားတွေဟာ သတ်မှတ်ချိန်ထက် ကျော်လာရင် ဥပဒေအရ ကားတစီးကို တရက် အခွန်ငွေ ဘတ်

၁၀၀၀ ကောက်ခံဖို့ ရှိနေပေမယ့် ခုထိ မကောက်သေးပါဘူး။

မြန်မာဘက်က အချိန်ကြာကြာ ပိတ်ထားပြီး ထိုင်းဘက်ကလည်း အခွန်တွေ တနေ့တထောင်  စတင်ကောက်လာမယ်ဆိုရင် ဘတ် ၄သောင်းကနေ ၆သောင်း သာဈေးရှိတဲ့ ကားတွေ အတွက်ရော အခွန်ကြီးတဲ့ ကားတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ကြုံရမှာကို မဲဆောက် ကားကုန်သည်တွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013