DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ၁၇ ဦး ပြန်လွှတ်ပေးရေး ဘန်ကောက်တွင် ဆန္ဒပြ
DVB
·
September 9, 2011
ဒီဗွီဘီသတင်းထောက် ၁၇ ဦး ပြန်လွှတ်ပေးရေး ဘန်ကောက်တွင် ဆန္ဒပြ
Donate to DVB

အကျဉ်းကျနေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက်တွေကို လွှတ်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီနေ့မနက် Free Burma VJလှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြကြပါတယ်။

[caption id="attachment_15344" align="alignleft" width="310" caption="မြန်မာသံရုံးအနီး​​ ဆန္ဒပြနေစဉ်"][/caption]

ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက် ၁၇ ဦးကို လွှတ်ပေးရေး ဆန္ဒပြသူတွေဟာ အကျဉ်းကျနေသူတွေထဲက တဦးဖြစ်တဲ့ မလှလှဝင်းရဲ့ မျက်နှာဖုံးပုံကို စွပ်ပြီး ဆန္ဒပြကြတာပါ။

မနက်ဆယ်နာရီကစပြီး တနာရီခွဲကြာ ဆန္ဒပြရာမှာ လူပေါင်း ၂၀ ကျော်ပါဝင်ပြီး နိုင်ငံခြားသားတွေနဲ့အတူ မြန်မာနိုင်ငံသားတချို့ လည်း ပါဝင်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ဂျရယ်ဒင်း မေ (Géraldine May) က ပြောပါတယ်။

“လှလှဝင်းကို လွှတ်ပါလို့ မြန်မာအစိုးရသစ်ကို တောင်းဆိုဖို့ ကနေ့ ကျမတို့ ဒီမှာရောက်ရှိနေတယ်။ ကိုယ့်ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတာ ရပ်ပါ။ စစ်မှန်တဲ့ အပြောင်းအလဲ လုပ်ပါလို့ မြန်မာအစိုးရကို ကျမတို့ စိန်ခေါ် တောင်းဆိုတယ်။ လှလှဝင်းကို လွှတ်ပါ၊ ဗီဒီယိုသတင်းသမားတွေကို လွှတ်ပါ ...၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ် ပါ ...၊ သူတို့အားလုံးကို လွှတ်ပါ၊ လွှတ်ပါ” လို့ ဆန္ဒပြပွဲမှာ ဂျရယ်ဒင်းမေက ကြွေးကြော်သွားပါတယ်။

အဲဒီ့နောက် အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ ဒါရိုက်တာရဲ့ တောင်းဆိုစာကို မြန်မာသံအမတ်ကြီး ဦးအောင်သိန်းကို လိပ်မူပြီး ပေးအပ်ခဲ့တယ်လို့လည်း ဂျရယ်ဒင်းမေက ပြောပါတယ်။

အဲဒီစာမှာ မလှလှဝင်းနဲ့ ဒီဗွီဘီ ရုပ်သံသတင်းထောက်တွေ အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ စတဲ့ အကျဉ်းသားပေါင်း ၁၉၉၅ ဦးကို လွှတ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ရေးသားထားပါတယ်။

ဒီနေ့မှာ ပြင်သစ်၊ ယူကေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာလည်း Amnesty International လူ့အခွင့်အရေးအဖွဲ့၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ၊ ဘားမားကမ်ပိန်း- ယူကေ စတဲ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး အလားတူ ဆန္ဒပြကြတယ်လို့ သတင်းရရှိပါတယ်။

မြန်မာပြည်တွင်းက အဖြစ်အပျက်မှန်တွေကို ကမ္ဘာသိအောင် သတင်းပေးပို့ခဲ့ကြတဲ့ မလှလှဝင်း၊ ကိုစည်သူဇေယျ၊ ဦးမောင်မောင်ဇေယျ၊ ကိုဝင်းမော်၊ ကိုငွေစိုးလင်း စတဲ့ ဒီဗွီဘီ သတင်းထောက် ၁၇ ဦးဟာ ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲခံရပြီး နှစ်ရှည်အကျဉ်းကျနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013