စင်ကာပူဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်
DVB
·
June 4, 2016
မြန်မာသမ္မတ ဦးထင်ကျော်နဲ့ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနဲ့ ဇနီးတို့ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်မယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။
မြန်မာအပါအ၀င် အရှေတောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် စင်ကာပူနိုင်ငံ အစိုးရအဖွဲ့အကြီးအကဲတဦးရဲ့ အစိုးရသစ်လက်ထက် ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။