A d v e r t i s e m e n t With Us

မ​လေး​ရှား​ ဦးနှောက်ယိုစီးမှုပြဿနာ

မ​လေး​ရှား​နိုင်ငံက​နေ အခြား​နိုင်ငံ ​တွေမှာ အ​ခြေချ​နေထိုင်ဖို့​ ​ရွှေ့​ပြောင်း​သွား​သူလူဦး​ရေ အဆမတန် တိုး​တတ်လာပြီး​ ​ရွှေ့​ပြောင်း​သွား​သူ တသန်း​ထဲက သုံး​ပုံတပုံဟာ တက္ကသိုလ် ဘွဲ့​ရ​တွေဖြစ်​နေတယ်လို့​ ကမ္ဘာ့​ဘဏ်ရဲ့​ မကြာ​သေး​ခင်က အစီရင်ခံစာတခုအရ သိရပါ တယ်။ ရွှေ့​ပြောင်း​သူ ၆၀ ရာခိုင်နှုန်း​ဟာ စင်ကာပူ၊​ ဩစ​တြေး​လျနဲ့​ ဗြိတိန်နိုင်ငံတို့​ကို ထွက်သွား​ကြတာပါ။ မ​လေး​ရှား​နိုင်ငံက အသိပညာရှင် အတတ်ပညာရှင်​တွေ နိုင်ငံကို စွန့်​ခွာပြီး​ တိုင်း​တပါး​မှာ သွား​ရောက်​နေထိုင် အလုပ်လုပ်ကိုင်မှု​တွေရဲ့​ အ​ကြောင်း​ရင်း​တွေ ကို သတင်း​ထောက် ကလဲရင့်​ချွာ (Clarence Chua) က သတင်း​ပေး​ပို့​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။) အသံ နား​ဆင်ရန်

A d v e r t i s e m e n t With Us

More News
Up