DVB Logo
Home
မြန်မာသတင်း
ခေါင်လန်ဖူးမြို့နယ် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
DVB
·
May 31, 2016
ခေါင်လန်ဖူးမြို့နယ် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
Donate to DVB

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြေတွေ ပြိုပြီး လမ်းတွေပျက်စီးသွားကာ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရပါတယ်။

ဆက်သွယ်ရေးပြတ်တောက်တာ ၃ ပတ်လောက်ရှိပြီဖြစ်ပြီး ခေါင်လမ်ဖူးမြို့အပေါ် အပါအ၀င် ကျေးရွာအုပ်စု ၁၆ စုက ကျေးရွာပေါင်း ၅၀ ခန့် စားနပ်ရိက္ခာပြတ်တောက်နေတာလို့ ကချင် ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခမ်ဖုန်က ပြောပါတယ်။

“ဆန် နို့ဆီတဗူးကို ၁၅၀၀ ရှိတယ်လို့သိရတယ်။ ဆန်တအိတ်ကို တသိန်းကျော်ပေးရတယ်။ အဲဒါကို ရောင်းမယ့်လူ မရှိဘူး။ ဒီနှစ်က မိုးများသွားတော့ လမ်းတွေအကုန်လုံး ပြိုသွားတဲ့အခါ ကျတော့ လမ်းတွေ ပိတ်သွားတာပေါ့။ အဲတော့ သွားလာရေး ကုန်စည်စီးဆင်းမှုက အဲဒီမှာ ပြတ်သွားတယ်ပေါ့။ အဲဒါကြောင့် အဲလိုအခက်အခဲရှိသွားတယ်ဆိုတာ ဖုန်းဆက်လာပါတယ်။”

လတ်တလော စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့လူပေါင်း ၁ သောင်း ၆ ထောင်လောက်ရှိပြီး ကချင်ပြည်နယ်အစိုးရကလည်း အကူအညီတွေပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ဦးဒိန်ခမ်ဖုန် က ပြောပါတယ်။

“အန်ကယ်တို့က လမ်းကြောင်း ၂ ခုကနေ စီစဉ်ပေးတယ်။ ခေါင်လန်ဖူးက ဒီပူတာအိုကနေ သွား တဲ့ လမ်းရှိတာပေါ့။ ဒါ့ပေမယ့် တော်တော်လေး ခက်ခက်ခဲခဲသွားရတာပေါ့။ အဲဒါ လူသွားလမ်းပဲ ပေါက်တာပေါ့။ အဲဒီတော့ ဆန်တွေကို ကားသွားလို့ရတဲ့နေရာအထိ ကျနော်တို့ စီစဉ်ပေးပြီ။ အဲဒီကနေ သူတို့ လားနဲ့ တင်ပေးမှာ။ နောက်ဆန်တွေကို ဒီကနေ မြန်မြန်မပို့နိုင်တဲ့အတွက် ကြောင့်မို့ ကချင်ပြည်နယ်အစိုးရကနေပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကို တာဝန်ပေးပြီးမှ ဆန်ကို တရုတ်ပြည်ဘက်ကနေ ၀ယ်ပေးဖို့ အစီစဉ်ဆွဲနေတယ်။ တရုတ်ပြည် ဘက်ကနေ ၀ယ်ပေးပြီးမှ နယ်စပ်အထိ ကျနော်တို့ သိုလှောင်ပေးမယ်။ အဲဒီအခါကျရင် သူတို့ ကိုယ့်နည်းကိုယ်ဟာနဲ့ ထမ်းကြဖို့ လွယ်ကြဖို့ အဲလိုအစီအစဉ်ဆွဲတယ်။ ”

ခေါင်လန်ဖူးဒေသဟာ တရုတ်ပြည်နယ်စပ်နဲ့ မိုင် ၄၀ လောက်ဝေးပြီး ပူတာအိုနဲ့ မိုင်ပေါင်း ၁၃၀ လောက်ဝေးပါတယ်။

ရေကြီးမြေပြိုတာတွေကြောင့် ကချင်ပြည်နယ်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်တွေမှာလည်း စားနပ်ရိက္ခာ ခက်ခဲခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပေးပို့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013