မန္တလေးတွင် တန်ဖိုးနည်းအိမ်ရာ မဲနှိုက်
DVB
·
May 30, 2016
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ ဧရာဝတီမြစ်ကမ်းဘေးက ကျူးကျော်တွေကို အငှားချထားပေးဖို့ ဒီနေ့ မနက်ပိုင်းက မဲနှိုက်ခဲ့ပါတယ်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း မင်းတဲအီကင်းကမ်းနားလမ်းရှိ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွက် ကာယနဲ့လုပ်ကိုင်နေသူတွေကို အငှားချထားပေးဖို့ စာရွက်စာတမ်းနဲ့ အထောက်အထားပြည့်စုံသူတွေ မဲနှိုက်ခဲ့ကြတာပါ။
“၁ လကို ၃ သောင်းကျပ်နဲ့ ငှားရမ်းနေထိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးပြီး ဇွန်လ ၁ ရက်နေ့မှာ ငွေ ၃ သောင်းကို တရားဝင်ပေးသွင်းရမှာ ဖြစ်ပြီး ဇွန် ၇ ရက်နေ့မှာ စတင်နေထိုင်ခွင့်ပြုမယ်”လို့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဝင် (၄) ဦးတင်မောင်အေးက ပြောပါတယ်။