DVB Logo
Home
မြန်မာသတင်း
ပင်းတယမြို့နယ် ဆရာဝန်ကြီးကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
DVB
·
May 30, 2016
ပင်းတယမြို့နယ် ဆရာဝန်ကြီးကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
Donate to DVB

ပြည်ပရောက် မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ လူမှုရေးနဲ့ ပရဟိတ နယ်ပယ်တွေမှာ ဆောင်ရွက်နေသူတွေကို ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲကို မေလ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့မှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် အထူးဆုတွေအဖြစ် မြန်မာပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နဲ့ ဒေါ်ခင်မမမျိုးတို့ကိုလည်း  ချီးမြှင့်ခဲ့ပါတယ်။

“အခြားနိုင်ငံတွေမှာဆိုရင် ပုံပြောတဲ့အဖွဲ့တွေ ရှိကြတယ်ပေါ့နော်။ အမေရိကန်မှာဆိုရင်လည်း အမေရိကန် ပုံပြောသူများ အဲလိုမျိုးတွေရှိတယ်။ ကျမတို့နိုင်ငံမှာတော့ အဲဒါမျိုးက မရှိသေးဘူး။ ရှိလည်းရှိလိမ့်မယ်၊ ဒါပေမယ့် ထိထိရောက်ရောက်လေး မရှိသေးဘူးလားလို့ ကျမတို့ တွေးမိပါတယ်။ တွေးမိတော့ ကျမတို့တွေ သူငယ်ချင်းတွေ စုကြမယ်။ ပြီးတော့ ကလေးတွေအတွက် အနည်းဆုံး ပျော်ရွှင်သွားအောင်လို့ ပုံပြင်ကလေးတွေကိုလည်း ထိန်းသိမ်းရာရောက်မယ်၊ ပုံပြောတဲ့ဓလေ့ကိုလည်း ထိန်းသိမ်းချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးတွေနဲ့ ကျမတို့ ပုံပြင်လေးတွေ လိုက်ပြီး ပြောဖြစ်သွားတာပါ။ ဒီ ၇ နှစ်တာမှာ လှုပ်ရှားမှုတွေအများကြီး၊ ပင်ပန်းမှုတွေအများကြီးနဲ့ အဖွဲ့လေးက စည်းစည်းလုံးလုံးလေးနဲ့ အခုချိန်ထိ ရှိနေခဲ့တဲ့အတွက် ဂုဏ်ပြုဆု ရခဲ့တယ်လို့ ထင်ပါတယ်” လို့ မြန်မာပုံပြောသူများအဖွဲ့မှ မချမ်းငြိမ်းဖြူ က ပြောပါတယ်။

ဒါဟာ ပြည်ပမှာရှိနေတဲ့ အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို အသုံးချပြီး ပြည်တွင်းက ဂုဏ်ပြုထိုက်သူတွေကို လူသိထင်ရှား ဖော်ထုတ်တာပါလို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ပြောပါတယ်။

အစောပိုင်းမှာ အင်တာနက်ဆန္ဒမဲတွေကို အခြေခံပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်သူတွေက အဆိုပြုလာသူတွေထဲကမှ ရွေးချယ်ခဲ့တာပါ။

“ကျနော်တို့ မြန်မာနိုင်ငံက ပရဟိတစိတ်ဓာတ်ရှိတဲ့သူတွေက အများကြီးပဲ။ အခက်အခဲအနေနဲ့ ကျနော့်အမြင်ဆိုရရင် လုပ်ဆောင်ပုံ လုပ်ဆောင်နည်း၊ ရှိနေတဲ့ အခွင့်အရေးတွေ၊ ပံ့ပိုးကူညီမှုတွေ၊ ထောက်ပံ့မှုတွေကို ရယူနိုင်တဲ့ အင်အား အခွင့်အရေးတွေက နည်းနည်း အကန့်အသတ်တွေ ရှိနေမယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ နောက်တခုကလည်း မြန်မာပြည်တွင်းမှာဆိုရင် ပရဟိတလုပ်တဲ့နေရာမှာ အခက်အခဲအနေနဲ့က ခရီးသွားလာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တယောက်နဲ့တယောက် ချိတ်ဆက်မှုတွေ အားနည်းနေတယ်” လို့ ပြည်သူ့ဂုဏ်ရည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုတင်မောင်မောင်အေးက ပြောပါတယ်။

အခုဆိုရင် နိုင်ငံတကာမှာ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ ၂၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ပထမအကြိမ် ဆုပေးပွဲကို ၂၀၁၀ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် ၇ ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013