DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုနှင့် ပြောင်းပြန်၊ လာနီညာဖြစ်စဉ် ရာသီဥတု ကြုံတွေ့ရန် ၇၅ ရာခိုင်နှုန်း သေချာ
DVB
·
May 30, 2016
အယ်လ်နီညိုနှင့် ပြောင်းပြန်၊ လာနီညာဖြစ်စဉ် ရာသီဥတု ကြုံတွေ့ရန် ၇၅ ရာခိုင်နှုန်း သေချာ
Donate to DVB

မြန်မာနိုင်ငံ အနေနဲ့ အယ်လ်နီညို ဖြစ်စဉ် ရာသီဥတုဟာ ခန့်မှန်းတာထက် အနည်းငယ်စောပြီး ကုန်ဆုံးသွားတာကြောင့် မုတ်သုံလေဟာ ဇွန်လဆန်းမှာ အပြီးဝင်ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပြောဆိုလိုက်ပါတယ်။

အယ်လ်နီညိုရာသီ ဥတုနဲ့ ပြောင်းပြန်ဖြစ်တဲ့ လာနီညာဖြစ်စဉ် ရာသီဥတုနဲ့ ကြုံတွေ့ရဖို့ အတွက်လည်း ၇၅ ရာခိုင်နှုန်း သေချာနေပြီး စတင်ဘာလဆန်းလောက်မှာ စတင်နိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

လာနီညာ ရာသီဥတုကို ဖြတ်သန်းတဲ့အခါမှာတော့ မြန်မာနိုင်ငံအနေနဲ့ အအေးပိုလာမှာ ဖြစ်သလို မိုးရွာသွန်းမှုလည်း ပိုများလာမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်ရဲ့ ဆောင်းရာသီမှာ အအေးပိုနိုင်သလို ၂၀၁၇ ခုနှစ်ရဲ့ မိုးရာသီမှာတော့ မိုးများတာကြောင့် ရေကြီးတာတွေ တောင်ပြိုတာတွေ စတဲ့ သဘာဝ ဘေးအန္တရယ်တွေနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် မုန်တိုင်းဖြစ်ပေါ်တတ်တဲ့ ၂၀၁၇ ခုနှစ်ရဲ့ အခုလို ရာသီမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်လို့လည်း ဦးထွန်းလွင်က အခုလို ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013