DVB Logo
Home
မြန်မာသတင်း
အိုင်အယ်လ်အိုက ကူညီ​ပေမယ့်​ လယ်လုပ်ခွင့်​ ပြန်မရ​သေး
DVB
·
September 7, 2011
Donate to DVB

မ​ကွေး​တိုင်း​ ​အောင်လံ​ဒေသက လယ်​မြေသိမ်း​ခံရတဲ့​ ​တောင်သူ​တွေဟာ လယ်ပြန်လုပ်ခွင့်​ရ​ရေး​အတွက် ရန်ကုန်ရှိ အိုင်အယ်လ်အိုရုံး​ရဲ့​ အကူအညီနဲ့​ ​ဆောင်ရွက်​နေ​ပေမယ့်​ အခုချိန်ထိ မရ​သေး​ဘူး​လို့​ လယ်သမား​တွေက ​ပြောပါတယ်။

လယ်သမား​တွေက သူတို့​ရဲ့​ ဘိုး​ဘွား​ပိုင်လယ်​မြေပြန်ရ​ရေး​အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ (အိုင်အယ်လ်အို) ကို ထပ်မံတိုင်ကြား​လိုက်တယ်လို့​ လယ်သမား​ ဦး​သန်း​စိုး​က ​ပြောပါတယ်။

ဦး​သန်း​စိုး​အပါအဝင် ​အောင်လံက လယ်သမား​ ၃၈ ဦး​ရဲ့​ လယ်​မြေ​တွေကို သကြား​စက်ပိုင်အဖြစ် အာဏာပိုင်​တွေက သိမ်း​ယူခဲ့​တာပါ။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ အိုင်အယ်လ်အိုကို တိုင်ကြား​တဲ့​အတွက် ဦး​သန်း​စိုး​အပါအဝင် ​တောင်သူ ၁၂ ဦး​ကို အာဏာပိုင်​တွေက ၂၀၀၉ ​အောက်တိုဘာလအတွင်း​မှာ အမှုဆင် ဖမ်း​ဆီး​ထောင်ချခဲ့​ပါတယ်။

ထောင်ဒဏ်အနည်း​ဆုံး​ ၃ လက​နေ ၅ နှစ်စီ ချမှတ်ခံရ​ပေမယ့်​ အိုင်အယ်လ်အိုက ကြား​ဝင်​ဖြေရှင်း​ပေး​မှု​ကြောင့်​ ပြီး​ခဲ့​တဲ့​နှစ် ​ဖေ​ဖော်ဝါရီလမှာ ပြန်လွတ်လာခဲ့​ပါတယ်။

ပြန်လွတ်လာတဲ့​ လယ်သမား​တွေက သူတို့​အသိမ်း​ခံရတဲ့​ လယ်​မြေ​တွေမှာ အိုင်အယ်အိုရဲ့​အကူအညီနဲ့​ လယ်ပြန်လုပ်ခွင့်​ရခဲ့​သလို ​နေပြည်တ်ာကလည်း​ လယ်ပြန်လုပ်ခွင့်​ ချ​ပေး​ခဲ့​ပါတယ်။

လယ်သမား​တချို့​ လယ်ပြန်လုပ်ခွင့်​ရခဲ့​ပေမယ့်​ ဦး​သန်း​စိုး​အပါအဝင် လယ်သမား​ ၄ ဦး​ရဲ့​ လယ် ၅၅ ဧကကို ​အောင်လံမြို့​နယ် ​မြေစာရင်း​ဦး​စီး​ဌာနအရာရှိ ဦတင်​မောင်ဘိုက ဆက်လက်သိမ်း​ယူပြီး​ လုပ်ခွင့်​မ​ပေး​ခဲ့​လို့​ အိုင်အယ်လ်အိုကို ထပ်မံတိုင်ကြား​တာလို့​ ဦး​သန်း​စိုး​က ​ပြောပါတယ်။

“ကျ​နော် မ​နေ့​က အိုင်အယ်လ်အို အရာရှိကို တင်ပြခဲ့​တယ်။ အိုင်အယ်လ်အို အရာရှိက နိုင်ငံ​တော်အစိုး​ရနဲ့​ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေနဲ့​ ဆက်လက်ပြီး​တော့​ ညှိနှိုင်း​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။”

၂၀၀၇ ခုကစပြီး​ လယ်​မြေ​တွေသိမ်း​ယူခဲ့​ပြီး​ ဒီ​နေ့​အထိ လယ်ပြန်လုပ်ခွင့်​မရမှု​ကြောင့်​ မိသား​စုအခက်အခဲကြုံ​နေရတယ်လို့​ ဦး​သန်း​စိုး​က ​ပြောပါတယ်။

“လယ်မဲ့​ယာမဲ့​ ဖြစ်ပြီး​ ကျ​နော်တို့​ ​တောင်သူလယ်သမား​ မိသား​စု​တွေလည်း​ ကျပန်း​အလုပ်​တွေကို လုပ်ကိုင်​နေရတယ်၊​ စား​ဝတ်​နေ​ရေး​ အခက်အခဲ​တွေ ကြုံ​တွေ့​ကုန်ကြတယ်၊​ မိသား​စုဝင်​တွေလည်း​ ကြုံရာကျပန်း​လုပ်ရ​တော့​ တကွဲတပြား​နဲ့​ အ​ခြေပျက်အ​နေပျက် ဖြစ်ကုန်ပါတယ်။ လယ်ယာ​မြေ​တွေကို ဆက်လက်ပြီး​တော့​ သိမ်း​ယူထား​တဲ့​ ကိစ္စနဲ့​ပတ်သက်ပြီး​ အစိုး​ရအ​နေနဲ့​ ထိထိ​ရောက်​ရောက် အ​ရေး​ယူ​စေချင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013