DVB Logo
Home
Lead Story
အိန္ဒိယသံရုံးတွင် ရှေးဟောင်းအဆောက်အအုံ အပြာရောင်ကမ္ပည်းပြား တပ်ဆင်
DVB
·
May 30, 2016
အိန္ဒိယသံရုံးတွင် ရှေးဟောင်းအဆောက်အအုံ အပြာရောင်ကမ္ပည်းပြား တပ်ဆင်
1 / 6
Donate to DVB

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က အိန္ဒိယသံရုံးကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ မေလ ၃၀ ရက်နေ့မှာ ရှေးဟောင်း အဆောက်အအုံ အပြာရောင်ကမ္ပည်းပြား ကပ်ခဲ့ပါတယ်။

အဲဒီသံရုံးက အရင်က အိုရီယန်တယ် အာမခံအဆောက်အအုံ ဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ်က ပြီးစီးခဲ့ပြီး ၁၉၅၇မှစပြီး အိန္ဒိယသံရုံးအဖြစ် ပြောင်းလဲဖွင့်ခဲ့တာပါ။

လက်ရှိ ရန်ကုန်မြို့မှာ အပြာရောင်ကမ္ပ္ဗည်း ၁၃ ခု တပ်ဆင်ခဲ့ပြီး နောက်ထပ် အပြာရောင် ကမ္ပည်းကပ်ဖို့ ရှေးဟောင်းအဆောက်အအုံ ၁၀၀ ကျော်လောက် ရှိပါသေးတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ပည်းပြားတွေကို ထူးခြား ဗိသုကာ လက်ရာရှိတဲ့ အဆောက်အဦတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်တွေ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013