DVB Logo
Home
မြန်မာသတင်း
မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ကလေးမြို့တွင် နေ့ည ဆောင်ရွက်
DVB
·
May 30, 2016
မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ကလေးမြို့တွင် နေ့ည ဆောင်ရွက်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို ကလေးခရိုင်ရဲမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရဲ့ လမ်းညွှန် ကြီးကြပ်မှုနဲ့ နေ့ ည မပြတ် ဆောင်ရွက်နေပါတယ်။

မှုခင်းကျဆင်းဖို့နဲ့ မူးယစ်ဆေးဝါးတွေကို အဓိက ပိတ်ဆို့တားဆီးလုပ်ဆောင်နေတယ်လို့ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ် ဝင်းထွဋ်က ပြောပါတယ်။
“အဓိက ဒေသထဲမှာ မှုခင်းကျဆင်းဖို့နဲ့ မူးယစ်ဆေးဝါးတွေအတွက် ပိတ်ဆို့တားဆီးရေးတွေ လုပ်ပါတယ်။ မော်တော်ဆိုင်ကယ် ကားတွေကို စစ်ဆေးတယ်။ တုတ်ဓား လက်နက်နဲ့ မူးယစ်ဆေးသယ်ဆောင်မှု ရှိလား ရှာဖွေတယ်။”

ရက် ၁၀၀ စီမံချက် ရဲတပ်ဖွဲ့ စစ်ဆေးမှုတွေကိုတော့ ကလေးမြို့ အဝင်အထွက် လမ်းတွေ သာမက ကျေးရွာ လမ်းတွေမှာပါ အဆက်မပြတ် လှုပ်ရှားနေတာ တွေ့ရပါတယ်။
“ရဲတပ်ဖွဲ့တွေ ဒီလို စစ်ဆေးတာ ကောင်းပါတယ်။ ကလေး-တမူးကြားဆိုရင် စစ်ဆေးရေးဂိတ် တွေ တခုမှ မရှိတော့ နယ်စပ်လမ်းလည်း ဖြစ်တာကြောင့် စိုးရိမ်စရာကောင်းပါတယ်။ ခုလို မကြာမကြာ စစ်ဆေးတာတွေ့ရတော့ ကိုယ့်ဒေသအတွက် ဝမ်းသာပါတယ်”လို့ ကလေးမြို့က ကိုစိုးမြင့်က ပြောပါတယ်။

(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013