
မေ ၃၀ အကြမ်းဖက်မှု ၁၃ နှစ်ပြည့်အခမ်းအနားကို ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဒီနေ့ မနက်ပိုင်းမှာ အခမ်းအနား ကျင်းပနေပါတယ်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ မုံရွာအောင်ရှင်အပါအဝင် လူဦးရေ ၁၀၀၀ နီးပါးလောက် တက်ရောက်ကြပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ မှာ အထက်မြန်မာပြည်ကို စည်းရုံးရေးထွက်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မြို့စွန်မှာ လူအုပ်စုတခုက ညအချိန် အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအချိန်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီနဲ့ ရိုက်နှက်သူတွေ လက်ကနေ လွတ်မြောက်ခဲ့ပေမယ့် အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပြီး နောက်ပိုင်း အကျယ်ချုပ်ပြောင်းလိုက်ပါတယ်။
ဒီတိုက်ခိုက်ခံရမှုမှာ လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်အစိုးရက ဆိုပေမယ့် အတိုက်အခံတွေကတော့ သေဆုံးသူ ဒီထက် ၁၀ ဆမက များနိုင်တယ်လို့ ဆိုကြပါတယ်။
(ဓာတ်ပုံ - အောင်ကိုလတ်)










