DVB Logo
Home
မြန်မာသတင်း
အသိမ်း​ခံရသည့်​ လယ်​မြေကိစ္စ ​ဖြေရှင်း​ပေး​မည်ဟု လွှတ်​တော်​ရေး​ရာဥက္ကဋ္ဌ ​ပြော
DVB
·
September 7, 2011
အသိမ်း​ခံရသည့်​ လယ်​မြေကိစ္စ ​ဖြေရှင်း​ပေး​မည်ဟု လွှတ်​တော်​ရေး​ရာဥက္ကဋ္ဌ ​ပြော
Donate to DVB

လယ်သိမ်း​ခံရလို့​ ​နေပြည်​တော်သွား​ရောက်တင်ပြခဲ့​တဲ့​ လယ်သမား​တွေ အ​ရေး​ကို လွှတ်​တော်တာဝန်ရှိသူက လာ​ရောက်​တွေ့​ဆုံပြီး​ ​ဖြေရှင်း​ပေး​မယ်လို့​ ​ပြောသွား​ပါတယ်။

ဒဂုံဆိပ်ကမ်း​မြို့​နယ် လယ်သမား​ ၄၀ ​ကျော်ပိုင်တဲ့​ ဧက ၂၀၀ ​ကျော်​ပေါ်မှာ ​ကောင်း​မြန်မာကုမ္ပဏီက ပန်း​ပုရွာတည်ဖို့​ဆိုပြီး​ ပြီး​ခဲ့​တဲ့​ ၄ လပိုင်း​ကတည်း​က အလံ​တွေဝင်စိုက်သွား​တဲ့​အ​ပေါ် လယ်သမား​ ၂၀ ​ကျော်က ဩဂုတ် ၂၉ ရက်​နေ့​မှာ ​နေပြည်​တော်ကို သွား​ရောက်တင်ပြခဲ့​တာပါ။

ပြည်သူ့​လွှတ်​တော်ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​နဲ့​ ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်မှု စိစစ်​ရေး​ ​ကော်မတီဥက္ကဋ္ဌဦး​အောင်သိန်း​လင်း​က ​တောင်သူလယ်သမား​သုံး​ရာ​ကျော်ကို စက်တင်ဘာ ၃ ရက်​နေ့​က ဒဂုံမြို့​သစ် ဆိပ်ကမ်း​မြို့​နယ်၊​ ​ညောင်ပင်​ကျေး​ရွာ၊​ ဘုန်း​ကြီး​ကျောင်း​မှာ လာ​ရောက်​တွေ့​ဆုံပြီး​ ကတိပြု ​ပြောကြား​ခဲ့​တာပါ။

တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ လယ်သမား​ကြီး​ ဦး​မြင့်​အောင်က “လယ်သိမ်း​တဲ့​ ကိစ္စ​တွေဟာ နိုင်ငံ​တော်က စီမံလုပ်​ဆောင်တာမဟုတ်တဲ့​အ​ကြောင်း​၊​ ကုမ္ပဏီ​တွေက ​လောဘတတ်ပြီး​ ဖြစ်ခဲ့​တာဆိုပြီး​ ​ပြောပါတယ်။ အခု ပြုပြင်​ပြောင်း​လဲမှု စိစစ်​ရေး​ကော်မတီက​နေ အဆင်​ပြေ​အောင် ဆက်လက်ပြီး​ အ​ကောင်အထည်​ဖော်​ပေး​ပါမယ်လို့​ ​ပြောသွား​ပါတယ်” လို့​ ​ပြောပါတယ်။

ပြုပြင်​ပြောင်း​လဲ​ရေး​ ဆက်လက်​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်​ကြောင်း​နဲ့​ လယ်လုပ်သူလယ်ပိုင်ခွင့်​ရရှိ​စေ​ရေး​ ​ဆောင်ရွက်​ပေး​မယ်ဆိုပြီး​ ရှင်း​လင်း​ပြောကြား​သွား​တယ်လို့​လည်း​ ဆိုပါတယ်။

ဒဂုံဆိပ်ကမ်း​၊​ ဒဂုံ​တောင်နဲ့​ ဒဂုံအ​ရှေပိုင်း​မြို့​နယ်သုံး​ခုထဲက လယ်ဧကတ​သောင်း​ကျော်ကိုလည်း​ ကုမ္ပဏီ ၁၄ ခုက သိမ်း​ထား​တယ်လို့​ လယ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ဦး​ဖိုး​ဖြူက ​ပြောပါတယ်။

အခုလို လွှတ်​တော်ကိုယ်စား​လှယ်တဦး​က လယ်သမား​တွေကို အ​ရေး​တယူလာ​ရောက်​တွေ့​ဆုံတဲ့​အ​ပေါ် ​စောင့်​ကြည့်​ရမယ်လို့​ ဦး​ဖိုး​ဖြူက ​ပြောပါတယ်။

“လွှတ်​တော်ကိုယ်စား​လှယ်​တွေက ပြည်သူ​တွေရဲ့​ အခက်အခဲ​တွေကို တင်ပြ​ဖြေရှင်း​ပေး​တာ ​ကောင်း​မွန်တဲ့​လုပ်​ဆောင်ချက်ပါ။ သူတို့​ကတိ​တွေအတိုင်း​ အမှန်တကယ်လုပ်​ဆောင်မှု ရှိ မရှိ​စောင့်​ကြည့်​သွား​မှာပါ။ ကျ​နော်တို့​ဘက်က ကူညီ​ပေး​နိုင်တာ​တွေရှိရင် ကူညီ​ပေး​သွား​မှာဖြစ်သလို တွန်း​အား​ပေး​သင့်​တာ​တွေ ရှိရင်လည်း​ လုပ်​ဆောင်သွား​မှာပါ။”

အခုအခါ လယ်​မြေနစ်နာ ဆုံး​ရှုံး​မှု​တွေအ​ပေါ် ​မြေပြင်စာရင်း​​ကို ပြည်ခိုင်ဖြိုး​ပါတီဝင်​တွေက လိုက်လံ​ကောက်ယူ​နေတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013