DVB Logo
Home
မြန်မာသတင်း
နကသကျောင်းသားများနှင့် ပညာရေးဝန်ကြီး တွေ့ဆုံမှု ပြေလည်မှုရ
DVB
·
May 30, 2016
နကသကျောင်းသားများနှင့် ပညာရေးဝန်ကြီး တွေ့ဆုံမှု ပြေလည်မှုရ
Donate to DVB

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားနေတဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့ မနေ့က တွေ့ဆုံမှုမှာ ပြေလည်မှုတွေရရှိခဲ့တယ်လို့ ကျောင်းသား တွေက ပြောပါတယ်။

ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးရဲ့ဖိတ်ခေါ်မှုနဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (န.က.သ)က ကျောင်သားတွေဟာ ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်မှာ မေလ ၂၉ ရက် မနက်ပိုင်းမှာ စတင်ဆွေးနွေးခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုမှာ ကျောင်းသားတွေဘက်က ကျောင်းတိုင်းမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင် လှုပ်ရှားခွင့်ရရှိဖို့၊ လာမယ့် အဆင့်မြင့်ပညာရေးဥပဒေတွေကို ကျောင်းသားသမဂ္ဂတွေ ပါဝင် ရေးဆွဲခွင့်ရဖို့၊ နည်းပညာကျောင်းသားတွေ ကျောင်းပြီးပြီးချင်း အင်ဂျင်နီယာအဖြစ်အသက်မွေးခွင့် မရအောင် အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ကန့်သတ်ထားတာကို ဖြေလျှော့ပေးဖို့ ဆွေးနွေးကြ ပါတယ်။

ဆွေးနွေးချိန် ၃ နာရီလောက်ကြာခဲ့ပြီး ပြောလည်မှုတွေရရှိခဲ့တယ်လို့ န.က.သ ကျောင်းသား တွေက ပြောပါတယ်။ ဆွေးနွေးမှု ပထမပိုင်းမှာ ပညာရေးဝန်ကြီးနဲ့အတူ လွှတ်တော်ပညာရေး မြှင့်တင်ရေးကော်မတီက ဦးဖြိုးဇေယျာသော်၊ တက္ကသိုလ်ဆရာတချို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုဒုတိယပိုင်းမှာတော့ ၀န်ကြီးရဲ့ ကိုယ်စားလှယ် ဒေါက်တာအောင်အောင်မင်းတို့နဲ့ တက္ကသိုလ်တွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿ နာတွေကို တင်ပြညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

န.က.သ ဟာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ မြေလတ်ဒေသ)တို့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013