DVB Logo
Home
မြန်မာသတင်း
လယ်သိမ်း​ခံရသူများ​ စီမံကိန်း​စိုက်ခင်း​ဖျက်မှုနှင့်​ အဖမ်း​ခံရ၍ အ​ရေး​ဆို
DVB
·
September 7, 2011
Donate to DVB

ပြင်ဦး​လွင်မြို့​နယ်မှာ လယ်အသိမ်း​ခံရတဲ့​ ရွာသား​တွေဟာ အစိုး​ရစီမံကိန်း​စိုက်ခင်း​ ဖျက်ဆီး​ မှုအတွက် ဖမ်း​ဆီး​ခံရတာကို မ​ကျေနပ်လို့​ ကျန်ရွာသား​တွေက မြို့​နယ်ရဲစခန်း​ကို သွား​ရောက်ဆန္ဒ​ဖော်ထုတ်ဖို့​ ကြိုး​စား​ခဲ့​ကြတယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။

ညောင်ကုန်း​ရွာက ​တောင်သူ​တွေရဲ့​ လယ် ဧက ၅၀၀ ​လောက်ကို ​ကော်ဖီစီမံကိန်း​ဌာနက ၂၀၀၈ ခုနှစ်မှာ သိမ်း​ယူခဲ့​ပြီး​ တရား​ဝင်​ပြေစာမ​ပေး​ဘဲ ​ခေတ် သစ်လယ်ယာ​မြေနှင့်​အ​ထွေ​ထွေစီး​ပွား​ရေး​လုပ်ငန်း​ သမဝါယမအသင်း​ ဆိုင်း​ဘုတ်​ထောင်ပြီး​ ​ကော်ဖီစိုက်​နေတာကို ရွာသား​တွေက မန္တ​လေး​တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ကို တိုင်ကြား​ခဲ့​ဖူး​ပါတယ်။

ဒီအ​တောအတွင်း​ ​မြေသိမ်း​ခဲ့​တဲ့​ကုမ္ပဏီက ဒီလယ်ယာ​မြေ​တွေကို ​ရောင်း​ချ​နေတဲ့​ အတွက်​ကြောင့်​ ခုလ ၄ ရက်မှာ ရွာသား​တွေက ​ကော်ဖီစိုက်ခင်း​ ဧက ၁၀၀ ​ကျော်ကို ဓား​တွေနဲ့​ ဝင်​ရောက်ခုတ်ထစ် ဖျက်ဆီး​ပစ်လိုက်ကြတယ်လို့​ ရွာသား​တဦး​က ​ပြောပါတယ်။

စိုက်ထား​တဲ့​ကော်ဖီပင်​တွေက​တော့​ ​မြေကြီး​ထဲမှာပဲရှိ​သေး​ပြီး​ ​မြေ​ပေါ်က အရိပ်ရ ​အောင် စိုက်ထား​တဲ့​အပင်​တွေကို ဖျက်ဆီး​လိုက်ကြတာဖြစ်ပါတယ်။

ဒီ​နောက် အာဏာပိုင်​တွေက ​ကော်ဖီခင်း​ဖျက်ဆီး​မှုအတွက် မသင်္ကာမှုနဲ့​ ဦး​တွတ်နီ၊​ ဦး​သန်း​၊​ ဦး​နေလင်း​အောင်၊​ ဦး​ကံညွန့်​နဲ့​ သူ့​ဇနီး​ ​ဒေါ်ခင်ဝင်း​ စတဲ့​ရွာသား​ ​တွေကို မ​နေ့​က ဖမ်း​ဆီး​သွား​ပြီး​ ​ဒေါ်ခင်ဝင်း​က​တော့​ ဒီမနက် ပြန်လွတ်လာပြီလို့​ ရွာသား​တဦး​က ​ပြောပါတယ်။

ဒီကိစ္စအတွက် အ​ရေး​ဆိုဖို့​ ​ညောင်း​ကုန်း​ရွာသား​ ၁၀၀ ​လောက်က ရွာ​ကျောင်း​ထိုင် ဆရာ​တော် ဦး​မာနိတနဲ့​အတူ ပြင်ဦး​လွင်မြို့​ရဲစခန်း​ကိုအသွား​ ရွာနဲ့​တမိုင်​လောက်အကွာမှာ ဆရာ​တော်ဦး​ဆောင်တဲ့​ ​ရှေ့​ပြေး​အဖွဲ့​နဲ့​ ဒီကိစ္စ​ဖြေရှင်း​ဖို့​ဆင်း​လာတဲ့​ ခရိုင်အုပ်ချုပ်​ရေး​မှူး​ ဦး​အောင်မြင့်​ ဦး​ဆောင်တဲ့​ အာဏာပိုင်​တွေနဲ့​ ရဲတပ်ဖွဲ့​ဝင်​တွေနဲ့​ လမ်း​မှာဆုံပါတယ်။

အာဏာပိုင်​တွေက ဆက်မချီတက်ဖို့​ ပန်ကြား​ပြီး​နောက် ရွာကိုပြန်အ​ရောက်မှာ ဆရာ​တော်က ရွာသား​တွေ လယ်သိမ်း​ခံခဲ့​ရပုံကစပြီး​ ဖြစ်ပျက်ပုံကို ရှင်း​ပြလိုက်တယ်လို့​ မိန့်​ပါတယ်။

“​ပြောသွား​တဲ့​ပုံစံက အထက်စီး​က​နေ ​ပြောသွား​တဲ့​ပုံစံဖြစ်လို့​ ငါကလည်း​ ​အောက် ​ခြေမှာ တကယ်ဖြစ်တဲ့​အ​ခြေအ​နေ​တွေကို ​ပြောပြလိုက်တယ်။ သူတို့​လည်း​ သ​ဘော​ပေါက် သွား​တယ်။ အခုဖမ်း​ထား​သူ​တွေကိုလည်း​ပဲ အမြန်ဆုံး​လွှတ်​ပေး​ပါလို့​ ​ပြောလိုက်တယ်။ အဲဒါ အကုန်လုံး​ လုပ်​ပေး​ပါမယ် ဘုရား​တဲ့​။ သူတို့​ပြောသွား​တယ်။”

အာဏာပိုင်​တွေဘက်က ဒီ​မြေ​တွေကို နိုင်ငံ​တော်က သိမ်း​ဆည်း​တာဖြစ်​ကြောင်း​၊​ နစ်နာ​ကြေး​ရရှိ​ရေး​ ​ဆောင်ရွက်​ပေး​မယ့်​အ​ကြောင်း​၊​ ဖမ်း​ထား​သူ​တွေကို​တော့​ ဥပ​ဒေအရ အ​ရေး​ယူ​ဆောင်ရွက်မှာဖြစ်​ကြောင်း​ ရှင်း​ပြသွား​ကြတယ်လို့​လည်း​ ဆရာ​တော်က အသိ​ပေး​ မိန့်​ကြား​ပါတယ်။

လယ်သိမ်း​ခံရတဲ့​ လယ်သမား​ ၂၀ ​လောက်ဟာ ၃ နှစ်တာအတွင်း​ မိသား​စုဘဝ ကျပ်တည်း​ပြီး​ က​လေး​တွေကို ​ကျောင်း​ထုတ်ရတဲ့​ အ​ခြေထိ ဆိုက်ခဲ့​ပါတယ်။

လယ်သိမ်း​ခံရတဲ့​ ရွာသား​တဦး​က​တော့​ “ကျ​နော်တို့​က ဆူး​နဲ့​ဖက်လိုပဲ၊​ ဟိုလူလာ ​တော့​လည်း​ ဖက်ပဲ​ပေါက်တာပဲ။ ဒီလူလာ​တော့​လည်း​ ဖက်ပဲ​ပေါက်တာပဲ။ ဘယ်လိုမှကို ​ဖြေသိမ့်​လို့​မရဘူး​” လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013