A d v e r t i s e m e n t With Us

ရွေး​ကောက်ပွဲဥပ​ဒေပြင်ဆင်ချက်ကို ကန့်​ကွက်မှု ရှုံး​နိမ့်

ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က တင် သွင်း​တဲ့​ ​ရွေး​ကောက်ပွဲဥပ​ဒေပြင်ဆင်ချက်​တွေကို ကိုယ်စား​လှယ်တဦး​က ကန့်​ကွက်လို့​ ​ဗြောင်မဲခွဲရာမှာ မဲအပြတ်အသတ်နဲ့​ ကန့်​ကွက်ချက်ရှုံး​သွား​ပါတယ်။ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင် အဖွဲ့​ဝင် ဦး​ညွန့်​တင် တင်သွင်း​တဲ့​ ပြည်သူ့​လွှတ်​တော်​ရွေး​ ​ကောက်ပွဲဥပ​ဒေ ပြင်ဆင်ဖြည့်​စွက်ချက်အရ နိုင်ငံ​တော်ပုန်ကန်မှု၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကိုဆန့်​ကျင်မှု၊​ တရား​မဝင်အသင်း​အဖွဲ့​တွေနဲ့​ ဆက်ဆံမှု စတဲ့​ပြစ်မှု​ကြောင့်​ ပြစ်ဒဏ်ကျခံရတဲ့​ ကိုယ်စား​လှယ်ဟာ ရာသက်ပန် ​ရွေး​ကောက်ပွဲဝင်ခွင့်​ မရှိ​တော့​ပါဘူး​။ ဒီပြင်ဆင်ချက်အဆိုကို အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ စမ်း​ချောင်း​မြို့​နယ် ကိုယ်စား​လှယ် ဦး​စိုး​ဝင်း​က ကန့်​ကွက်​ဆွေး​နွေး​ရာမှာ မဲခွဲတာလို့​ ​မြေပုံမဲဆန္ဒနယ် ကိုယ်စား​လှယ် ဦး​ဖေသန်း​က ​ပြောပြပါတယ်။ “အခု လွှတ်​တော်ကိုယ်စား​လှယ်ထဲမှာလည်း​ နိုင်ငံ​တော်ပုန်ကန်မှု၊​ လက်နက်ကိုင် ​တော်လှန်မှု၊​ ​ထောင်ကျတဲ့​အမှု​တွေ အများ​ကြီး​ပါတဲ့​။ အခုမှ လာမယ့်​ရွေး​ကောက်ပွဲ​တွေမှာ ဒီဥပ​ဒေနဲ့​ ချုပ်ကိုင်တဲ့​ဟာကို​တော့​ ကျ​နော်တို့​ မကြိုက်ပါဘူး​လို့​ ဦး​စိုး​ဝင်း​က တင်ပြတယ်။ ဒီကိစ္စနဲ့​ ကန့်​ကွက်တာ၊​ ​ထောက်ခံတာကို မတ်တတ်ရပ် မဲ​ပေး​ကြတယ်။ အဲဒီမှာ ​ထောက်ခံ တာက ၃၁ မဲ၊​ ကြား​နေက ၈ မဲ၊​ ကန့်​ကွက်မဲက ၃၈၂ မဲ​ပေါ့​။ အဲဒီလိုနဲ့​ ဦး​စိုး​ဝင်း​အဆိုက ရှုံး​နိမ့်​သွား​ပါတယ်။” ကော်မရှင်ရဲ့​ပြင်ဆင်ချက်အဆိုနဲ့​ ပတ်သက်လို့​လည်း​ ​ဝေဖန်​ပြောကြား​သွား​ပါတယ်။ “နိုင်ငံ​ရေး​သမား​ဆိုတာက အချိန်မ​ရွေး​ ဘယ်သူပဲဆိုဆို နိုင်ငံ​ရေး​ ​လောကနဲ့​ အပြစ်ခံရတဲ့​ပေါ်မှာ ဒီပုဒ်မက အကျုံး​မဝင်သင့်​ပါဘူး​။ အဲဒီလူ​တွေက ဒီပုဒ်မအရလည်း​ ပြစ်ဒဏ်ကျခံပြီး​ဖြစ်တယ်။ အဲဒီအ​ပေါ်မှာ ​နောက်တခါ ​ရွေး​ကောက်ပွဲမဝင်ရဆိုတဲ့​ ကန့်​ သတ်ချက်များ​ မရှိသင့်​ပါဘူး​။” ရွေး​ကောက်ပွဲ​ကော်မရှင် တင်သွင်း​တဲ့​ ဥပ​ဒေပြင်ဆင်​ရေး​ထဲ က ​ရွေး​ကောက်ပွဲရလဒ်ကို မြို့​နယ်အဆင့်​က မ​ကြေညာဘဲ ခရိုင်အဆင့်​က ​ကြေညာဖို့​ ပြင်ဆင်ချက်အဆိုက​တော့​ ပြည်သူ့​လွှတ်​တော်မှာ ရှုံး​နိမ့်​ပြီး​ အမျိုး​သား​လွှတ်​တော်မှာ အနိုင်ရထား​ပါတယ်။ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ သင်္ဃန်း​မဲဆန္ဒနယ်က ကိုယ်စား​လှယ် ဦး​သိန်း​ ညွန့်​ နိုင်ငံတကာအဆင့်​မီ အလုပ်သမား​အခွင့်​အ​ရေး​ ဥပ​ဒေသစ် မူကြမ်း​ရေး​နဲ့​ သတင်း​မီဒီ ယာ​တွေ လွတ်လွတ်လပ်လပ် ထုတ်​ဖော်ခွင့်​ကို အကာအကွယ်​ပေး​ရေး​ဥပ​ဒေ ပြဌာန်း​ရေး​ အဆို တင်သွင်း​သွား​ပြီး​ မနက်ဖြန် ​ဆွေး​နွေး​မှာပါ။

A d v e r t i s e m e n t With Us

More News
Up