Homeမေးမြန်းခန်း‘ကေအိုင်အေ’တွင်း ပဋိပက္ခ – ပစ်ခတ်သေဆုံးမှုဟူသော အစိုးရသတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်
‘ကေအိုင်အေ’တွင်း ပဋိပက္ခ – ပစ်ခတ်သေဆုံးမှုဟူသော အစိုးရသတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

ကေအိုင်အေ ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမြင်ကွဲပြီး အချင်းချင်း သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးမှုရှိကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာပါ ဖော်ပြချက်ဟာ အခြေအမြစ်ကင်းမဲ့ပါတယ်လို့ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက ပြောကြားပါတယ်။
ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) ဌာနချုပ် လိုင်ဇာမှာလုပ်တဲ့ ဒီလဆန်း ၁ ရက်နေ့ အစည်းအဝေးမှာ လက်ရှိ ကေအိုင်အေခေါင်းဆောင်တွေနဲ့ ကေအိုင် အေ စစ်မှုထမ်းဟောင်းတွေ ပဋိပက္ခဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် တဦးသေဆုံးပြီး ကေအိုင်အေခေါင်းဆောင်တဦး ဒဏ်ရာရတယ်လို့ သိရကြောင်း အစိုးရသတင်းမှာ ဖော်ပြ ထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကို မေးမြန်းထားပါတယ်။
ကေအိုင်အိုထဲမှာ ဆွေးနွေးမှုတခုကနေပြီး ထပစ်ကြတာ သေဆုံးမှုတွေရှိတယ်လို့ သတင်း စာမှာ ရေးထားတာ။ ကေအိုင်အိုရဲ့ ရှင်းလင်းချက်ကို သိချင်လို့ပါ။
“ဒီကိစ္စက လုံးဝမဖြစ်တဲ့ကိစ္စပါ။ လောလောဆယ်ထိတော့ မဟုတ်မမှန် ဝါဒဖြန့် တယ်ဆိုတာ စနစ်တကျနဲ့ ဒီအစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပဲလို့ ကျနော်တို့ သုံးသပ်တယ်။ ဘာမှမဖြစ်တဲ့ကိစ္စကို တရားဝင် သတင်းစာကနေ ဖော်ပြတဲ့အတွက် နိုင်ငံ ပိုင်သတင်းစာမှာ ဖော်ပြတဲ့အကြောင်းအရာဟာ တခုမှမမှန်ဘူးဆိုတာကို ဒီနေ့ထုတ်သ တင်းစာမှာ သက်သေပါးလိုက်တာပဲ။ အဲဒီသတင်းကတော့ ကြံဖန်ရေးထားတာပါ။ တခုမှ အမှန်မပါဘူး။”
ဆွေးနွေးပွဲမှာ ပစ်ခတ်တယ်ဆိုတာ လုံးဝမဟုတ်ဘူးပေါ့။
“မရှိပါဘူး။ ကျနော်ကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲကို နေ့တိုင်းလိုလို မနက်တိုင်းမှာ ပုံမှန်ပဲ အစည်းအဝေးရှိပါတယ်။ မွန်းလွဲပိုင်းမှာ လုပ်တာတော့ မရှိဘူး။ တနင်္ဂ နွေမှအပ ကျန်တဲ့ရက်တွေမှာ လိုအပ်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ မနက်ပိုင်းမှာ နေ့တိုင်း အစည်းအဝေးလုပ်တယ်။ ကျန်တဲ့အချိန်မှာတော့ လုပ်ငန်းတွေ လုပ်တာပါ။ သူတို့ပြောတာ မွန်းလွဲ တနာရီခန့်မှာ အစည်းအဝေးလုပ်တယ်ဆိုတာ ဘယ်လိုမှ ဆီလျော်တဲ့ကိစ္စ မဟုတ် ဘူး။ နောက်ပြီးတော့ သူတို့လူထုထဲမှာ အချင်းချင်း သဘောထားမတိုက်ဆိုင်လို့ ပစ်တယ် ခတ်တယ်ဆိုတာ မရှိတဲ့ကိစ္စပဲ။”
နိုင်ငံပိုင်သတင်းစာထဲက ရေးတယ်ဆိုတော့ တကမ္ဘာလုံးက သိရပါတယ်။ ဒီလုပ်ရပ်နဲ့ပတ် သက်ပြီး နောက်ကွယ်မှာ ဘာအကြံအစည်ရှိလို့ ဒီလိုရေးတယ်လို့ ထင်ပါသလဲ။
“ဒါကတော့ သူတို့ရဲ့ အမြဲတမ်းသုံးနေတဲ့ လုပ်ငန်းပါပဲ။ အိမ်ကြက်ချင်း အိုးမဲသုတ် ပြီး ခွပ်ခိုင်းတဲ့ပုံစံပါ။ အဲဒီသဘောနဲ့လုပ်တာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး စုစည်းတာကို သူတို့ဖြိုခွဲမယ်။ တခုချင်းအနေနဲ့လည်း တဖွဲ့ချင်းမှာရှိတဲ့ လူတွေကိုလည်း စိတ်ဓာတ်ကွဲပြားအောင်၊ သဘောထားတွေ ကွဲပြားသွားအောင်လုပ်တဲ့ ပုံစံပါပဲ။ ဒီကိစ္စဆို ရင် လွန်ခဲ့တဲ့ ‘ဗကပ’ခေတ်တုန်းက ဒါမျိုးလုပ်ခဲ့ဖူးတာရှိတယ်။ သတင်းစာထဲက အဲဒီလို မဟုတ်မမှန်သတင်းတွေ ရေးခဲ့တာရှိခဲ့တယ်။ အခုလည်း အဲဒီသဘော လုပ်တယ်လို့ ထင် တယ်။”
အစိုးရဘက်ကနေ ဒီလိုမျိုးလုပ်တော့ ကေအိုင်အိုနဲ့ အစိုးရကြားမှာ ဆွေနွေးနေတဲ့ ကိစ္စတွေ က ရှေ့ဆက်ဖြောင့်ဖြူးနိုင်ပါ့မလား။
“သူတို့ကတော့ လက်နက်ကိုင်အင်အားစုတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လေသံ ပစ်နေပေမယ့် တဘက်မှာတော့ မီဒီယာနဲ့ ကျနော်တို့ လက်နက်ကိုင်အင်အားစုတွေကို နေ့တိုင်းလိုလို သတင်းစာတွေမှာ မဟုတ်မမှန်သတင်းတွေ ထည့်ပြီး ပုတ်ခတ်ပြောဆိုတာ တွေ ရှိတယ်။ သူတို့ ဒီလိုမျိုးလုပ်နေတယ်ဆိုရင်တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ အကောင်အထည်ပေါ်လာနိုင်စရာ မရှိဘူး။
“အဲဒီမှာ (အစိုးရသတင်းစာမှာ) ‘ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့နဲ့ မလိုလားတဲ့အ ဖွဲ့’ ဆိုပြီး ကွဲသွားတယ်ဆိုပြီး ရေးထားတယ်။ အမှန်တကယ်ကတော့ ကျနော်တို့ လက်နက် ကိုင်အင်အားစုအားလုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒီ စစ်မှန်တဲ့ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ အဖြေရှာနိုင်ရေးအတွက် လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ပြောတာတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူးဆိုပြီးတော့ ပုတ်ခတ်ပြော ဆိုတာမျိုး လုပ်တယ်။
“အဲဒီတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ဘယ်လောက်ထိ အာမခံ ချက်ရှိသလဲဆိုတာတော့ အများကြီး ထည့်သွင်းစဉ်းစားရမှာပါ။ အမှန်တကယ်ပဲ နိုင်ငံတနိုင် ငံလုံးမှာ တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင်တော့ တိုင်းရင်း သားအရေးကို ဦးစားပေး ဖြေရှင်းရမယ့်ကိစ္စပဲ။
“အဲဒီတိုင်းရင်းသားကိစ္စကို ဖြေရှင်းချင်သလို လုပ်နေမယ့် တိုင်းရင်းသားအရေးကိစ္စ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆွေးနွေးမှုအဆင့်ကို မရောက်စေချင်တဲ့အတွက်ကြောင့် ဒီလို မျိုး ပုတ်ခတ်တဲ့သတင်းတွေ၊ မဟုတ်မှန်တဲ့ လုပ်ကြံသတင်းတွေကို ရေးသားတာတွေ နေ့ စဉ်နဲ့အမျှ တွေ့ရတာတော့ သူတို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ သူတို့လည်း အလှမ်းတော့ ဝေးကွာသွားမယ်လို့ ကျနော်တော့ထင်တယ်။”