A d v e r t i s e m e n t With Us

အိန္ဒိယ အဂတိလိုက်စား​မှု တိုက်ဖျက်​ရေး​လှုပ်ရှား​မှု ​နောက်ဆုံး​ အ​ခြေအ​နေ

အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စား​မှုတိုက်ဖျက်​ရေး​ လှုပ်ရှား​သူ အန်နာ ဟာဇ​ရေး​ဟာ ​ဒေလီ မြို့​တော်မှာ ၁၂ ရက်တာ ဆန္ဒပြမှုကို အဆုံး​သတ်ပြီး​နောက် သူ​နေထိုင်တဲ့​ရွာကို ပြန်သွား​ပါ ပြီ။ အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့​ မစ္စတာဟဇ​ရေး​က သူအဆိုပြုထား​တဲ့​ အဂတိလိုက်စား​မှု တိုက်ဖျက်​ရေး​ ဥပ​ဒေမူကြမ်း​အတွက် ပါလီမန်အမတ်​တွေရဲ့​ တခဲနက်​ထောက်ခံမှုကို ရရှိပြီး​ ​နောက် အစာငတ်ခံ ဥပုသ်​စောင့်​တာကို ရပ်လိုက်ပါတယ်။ အိန္ဒိယလူထုဟာ အစိုး​ရရဲ့​ အကျင့်​ခြစား​မှု​တွေ​ကြောင့်​ ​ဒေါသထွက်​နေပြီး​ မစ္စတာ ဟဇ​ရေး​ရဲ့​ လှုပ်ရှား​မှုကို မယုံကြည်​လောက်​အောင် ​သောင်း​သောင်း​ဖြဖြ ကြိုဆိုခဲ့​ကြပါ တယ်။ ဒီလှုပ်ရှား​မှုဟာ ​အောင်မြင်မှု​တွေ ရရှိသလို ဒီလှုပ်ရှား​မှုအ​ပေါ် ​ဝေဖန်သံ​တွေလည်း​ ​ပေါ်ထွက်ခဲ့​ကြောင်း​ နယူး​ဒေလီမြို့​က သတင်း​ထောက် ဘစ္စမီလာဂီလာနီ (Bismillah Geelani) က သတင်း​ ​ပေး​ပို့​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။) အသံ နား​ဆင်ရန်

A d v e r t i s e m e n t With Us

More News
Up