A d v e r t i s e m e n t With Us

ရင်း​နှီး​မြှုပ်နှံသူများ​ကို ​ခြောက်လှန့်​နေတဲ့​ ပါပူး​အာနယူး​ဂ်ီနီ သတ္တုတွင်း​ဥပ​ဒေ

ပစိဖိတ်သမုဒ္ဒရာ ​တောင်ပိုင်း​က ပါပူအာနယူး​ဂီနီကျွန်း​နိုင်ငံမှာ ကျယ်ပြန့်​များ​ပြား​တဲ့​ သတ္တုတွင်း​ အရင်း​အမြစ်​တွေကို ​မြေပိုင်ရှင်​တွေလက်ထဲ ပိုင်ဆိုင်ခွင့်​ပြန်​ပေး​ဖို့​ အစိုး​ရက ​ပြောဆိုလာပါတယ်။ ဒီအဆိုပြုချက်ကို သတ္တုတွင်း​ ဝန်ကြီး​ ဘိုင်ရွန်ချန်က ထုတ်​ဖော်​ပြောကြား​လိုက်တာပါ။ တိုင်း​ပြည်သယံဇာတ​တွေကို ​မြေပိုင်ရှင်​တွေဆီ မျှ​ဝေဖို့​ အချိန်တန်ပြီလို့​ ဝန်ကြီး​က ​ပြောပါတယ်။ ပါပူအာနယူး​ဂီနီမှာ သတ္တုသယံဇာတ အများ​အပြား​ ထွက်ရှိ​နေပြီး​ မိုင်း​တွင်း​သစ် ရှာ​ဖွေမှု​တွေကလည်း​ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုကို ဆွဲ​ဆောင်​နေပါတယ်။ ဩစ​တြေး​လျနိုင်ငံ မှာ တွင်း​ထွက်ပစ္စည်း​တွေ​ကြောင့်​ ကုန်​ဈေး​နှုန်း​ကြီး​မြင့်​တာမျိုး​ ပါပူအာနယူး​ဂီနီမှာလည်း​ ကြုံ​နေရပါတယ်။ သတ္တုတွင်း​ကုမ္ပဏီ​တွေက​တော့​ ဝန်ကြီး​ရဲ့​အဆိုပြုချက်ဟာ အံ့​အား​သင့်​စရာဖြစ်ပြီး​ ထိန်း​မနိုင်သိမ်း​မရ အ​ခြေအ​နေ​တွေ ဖြစ်​ပေါ်​စေနိုင်တယ်၊​ ရင်း​နှီး​မြှုပ်နှံသူ​တွေ လက်​ရှောင် သွား​နိုင်တဲ့​ အ​ခြေအ​နေပဲလို့​ ​ပြောကြပါတယ်။ ဒီအ​ကြောင်း​ကို ​အေး​ရှား​ကောလင်း​သတင်း​ထောက် ခါရွန်စနိုး​ဒွန် (Karon Snowdon) က ဩစ​တြေး​လျ က​နေ သတင်း​ပေး​ပို့​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။) အသံ နား​ဆင်ရန်

A d v e r t i s e m e n t With Us

More News
Up