DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​များ​ မရိုး​သား​ဟု ပြန်ကြား​ရေး​ဝန်ကြီး​ ထပ်မံ​ပြောကြား
DVB
·
September 6, 2011
တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​များ​ မရိုး​သား​ဟု ပြန်ကြား​ရေး​ဝန်ကြီး​ ထပ်မံ​ပြောကြား
Donate to DVB

အစိုး​ရနဲ့​ ပဋိပက္ခဖြစ်​နေတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အစည်း​တွေဟာ အမျိုး​မျိုး​ ​တောင်း​ဆိုပြီး​ မရိုး​မသား​အခွင့်​အ​ရေး​ယူတယ်လို့​ အစိုး​ရ​ပြောခွင့်​ရပုဂ္ဂိုလ် ပြန်ကြား​ရေး​ ဝန်ကြီး​က ပြည်သူ့​လွှတ်​တော်မှာ ထပ်ပြီး​ပြောလိုက်ပါတယ်။

ငြိမ်း​ချမ်း​ရေး​ကော်မရှင်ဖွဲ့​စည်း​ရေး​၊​ အစိုး​နဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အ စည်း​တွေ ​ဆွေး​နွေး​မှုအ​ခြေအ​နေတို့​နဲ့​ ပတ်သက်ပြီး​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ် ပါတီ ရှမ်း​ပြည်နယ် ကွန်ဟိန်း​မဲဆန္ဒနယ်က ကိုယ်စား​လှယ် ​ဒေါ်နန်း​ဝါနုက ​မေး​မြန်း​ရာမှာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က အဲဒီလို ​ပြောသွား​တာပါ။

ဒီ​ပြောဆိုချက်မျိုး​ကို ဦး​ကျော်ဆန်း​ဟာ ပြီး​ခဲ့​တဲ့​ ၁/၂၀၁၁ သတင်း​စာရှင်း​လင်း​ပွဲ တုန်း​ကလည်း​ ​ပြောကြား​သွား​ဖူး​ပါတယ်။

“အစိုး​ရက​နေ အပစ်အခတ် ရပ်စဲခဲ့​တာကို အခွင့်​ကောင်း​ယူပြီး​တော့​ ​တောတွင်း​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေက စစ်​ရေး​လှုပ်ရှား​မှု​တွေ၊​ လူသစ်စု​ဆောင်း​မှု​တွေ ရှိပါ တယ်။ အစကတည်း​က မရိုး​မသား​ အခွင့်​အ​ရေး​တွေ ယူခဲ့​တာ​ကြောင့်​ ​ဆွေး​နွေး​ပွဲ​တွေက မ​ပြေမလည်ဖြစ်ခဲ့​ရတယ်” လို့​ ဦး​ကျော်ဆန်း​က ​ပြောသွား​ကြောင်း​ အစည်း​အ​ဝေး​တက်တဲ့​ ​မြေပုံမြို့​နယ်ကိုယ်စား​လှယ် ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“ငြိမ်း​ချမ်း​ရေး​ဆိုတာ တဖက်တည်း​ ​ဆောင်ရွက်လို့​မရဘူး​။ နှစ်ဖက်လုံး​ ပူး​ပေါင်း​ ​ဆောင်ရွက်မှ ရမယ်။ ​ကေအိုင်​အေ၊​ ​ကေအိုင်အိုအ​နေနဲ့​ အတတ်နိုင်ဆုံး​ လိုက်​လျော​ဆွေး​ ​နွေး​ခဲ့​သော်လည်း​ ​ကေအိုင်​အေ၊​ ​ကေအိုင်အိုအဖွဲ့​များ​အ​နေနဲ့​ ​တောင်း​ဆိုမှု​တွေ တခုပြီး​တခု လုပ်လာတာ​ကြောင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တာ အဆင်မ​ပြေဖြစ်ခဲ့​တယ်” လို့​ ​ပြောသွား​ တယ်လို့​ ဆိုပါတယ်။

ငြိမ်း​ချမ်း​ရေး​အတွက် ​ကော်မရှင်​တွေဖွဲ့​စည်း​စေလွှတ်ပြီး​ ပထမအဆင့်​ ယာယီ အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ဒုတိယအဆင့်​ လုံး​ဝငြိမ်း​ချမ်း​ရေး​ကို ​ဖော်​ဆောင်သွား​မယ်လို့​ လည်း​ ဦး​ကျော်ဆန်း​က ​ပြောကြား​သွား​တယ်လို့​ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့​အစည်း​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ စကား​ဝိုင်း​ကို ​ရောက်လာ ​အောင် ​ဆောင်ရွက်ကြဖို့​လည်း​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကို ဝန်ကြီး​က တိုက်တွန်း​ တယ်လို့​ ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“​နောက်ကွယ်က ကြိုး​ကိုင်မှုကင်း​တဲ့​ ရိုး​သား​တဲ့​ စိတ်​ကောင်း​စေတနာ​ကောင်း​တွေ အ​ခြေခံပြီး​တော့​ ​ဆွေး​နွေး​ပွဲများ​ဖြစ်​ပေါ်​အောင် တိုက်တွန်း​ပြောဆို​ပေး​ကြပါလို့​ ​ပြောပါ တယ်။ အ​ခြေခံဥပ​ဒေနဲ့​ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို မထိခိုက်​စေဘဲ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ များ​ကို ဆက်လုပ်သွား​မှာဖြစ်တယ်လို့​ ​ပြောသွား​ပါတယ်။”

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှုမှာ ဒို့​တာဝန်အ​ရေး​သုံး​ပါကို အ​ခြေခံဖို့​ အဆိုကို ဒီ​နေ့​ လွှတ်​တော်မှာ အတည်ပြုထား​တယ်။

ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်လို လူထု​ခေါင်း​ဆောင်တဦး​ ပါဝင်ဖို့​ တိုင်း​ရင်း​သား​လွှတ်​တော် ကိုယ်စား​လှယ်တချို့​က ​ဆွေး​နွေး​ထား​တာကို​တော့​ လက်ခံမထား​ပါဘူး​။

အစိုး​ရစစ်တပ်ဟာ ကချင်၊​ ကရင်၊​ ရှမ်း​ စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အ စည်း​တွေနဲ့​ တိုက်ပွဲ​တွေဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013