DVB Logo
Home
မြန်မာသတင်း
မှုခင်းကျဆင်းရေး အပါအ၀င် လုပ်ငန်း ၄ ခု ရက် ၁၀၀ အတွင်း လုပ်မည်
DVB
·
May 28, 2016
မှုခင်းကျဆင်းရေး အပါအ၀င် လုပ်ငန်း ၄ ခု ရက် ၁၀၀ အတွင်း လုပ်မည်
Donate to DVB

မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ အမှုများ ပိတ်သိမ်းရေးနဲ့ ၀န်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းစနစ် ကူးပြောင်းရေး စတဲ့ လုပ်ငန်း ၄ ခုကို ရက် ၁၀၀ အတွင်း လုပ်ဆောင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီ ၇ ရက် ကြေညာချက်အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနှင့်ဆက်နွယ်အမှု ရင်ဆိုင်နေကြရသူတွေကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ တရားရုံးရှေ့ ရုပ်သိမ်းခြင်း၊ ရဲစစ်ဆေးဆဲ အမှုများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး နည်းဥပဒေ ပုဒ်မ-၉၆အရ ပိတ်သိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရာ ဒီနေ့အထိ ပိတ်သိမ်းပြီးအမှု (၂၅၆)မှု၊ တရားခံအမျိုးသား(၃၆၆) ယောက်၊ အမျိုးသမီး (၇၂)ယောက်၊ ကလေး(၂)ယောက်၊ စုစုပေါင်း (၄၄၀) ယောက်ကို အမှုပိတ်သိမ်းပြီး အချုပ်မှ လွတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကျန်ရှိတဲ့ အမှု (၁၁) မှုမှ အမျိုးသားတရားခံ (၁၃) ဦးကိုလည်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတွေက သက်ဆိုင်ရာတရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ရက်ပေါင်း (၁၀၀) အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးသတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013