DVB Logo
Home
မြန်မာသတင်း
တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
May 28, 2016
တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

ပြည်သူများရဲ့ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ပါ၊ တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ပါလို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်တွေကို ပြောလိုက်ပါတယ်။

မေ ၂၇ ရက်က နေပြည်တော်၊ သမ္မတရုံးစည်းဝေးခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ စည်းဝေးပွဲမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်တွေကို ဖြေရှင်း ဆောင်ရွက်ကြရာမှာ တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊

-ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်တယ်၊ မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ၊

-အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာမှာ  ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များရဲ့ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊

-မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် မိဘများ ပါဝင်လာရေး အလေးထားဆောင်ရွက်ကြရန်၊

-လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊

-အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန် ဆောင်ရွက်တဲ့ အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊

-နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013