A d v e r t i s e m e n t With Us

လက်ရှိပြဿနာများ​ ​ဖြေရှင်း​ပြီး​မှ ​ရေနက်စီမံကိန်း​ ​ရှေ့​ဆက်ရန် ​တောင်း​ဆို

မြန်မာအစိုး​ရ နဲ့​ တရုတ်ကုမ္ပဏီတို့​ ပူး​ပေါင်း​ပြီး​ ပင်လယ်​ရေနက် ဆိပ်ကမ်း​စီမံကိန်း​တွေ ​ဆောက်လုပ်​နေမှုမှာ ​ဒေသခံ​တွေကို ကိုယ်တိုင်ဆုံး​ဖြတ်ခွင့်​ပေး​ဖို့​နဲ့​ ပွင့်​လင်း​မြင်သာမှုရှိဖို့​ အစိုး​ရကို ​ရွှေဂက်စ်အဖွဲ့​က တိုက်တွန်း​လိုက်ပါတယ်။ ရခိုင်ပြည်နယ် ​ရေနက် ဆိပ်ကမ်း​စီမံကိန်း​မှာ သဘာဝဓာတ်​ငွေ့​စက်ရုံ၊​ ပို့​ဆောင်​ရေး​ဂိတ်၊​ ပိုက်လိုင်း​တွေ ​ဆောက်လုပ်ရာမှာ ​ဒေသခံပိုင် ​မြေယာ​တွေ ​ရွှေ့​ပြောင်း​ပေး​ရတာ၊​ အသိမ်း​ခံရတာ​တွေအပြင် ​ဒေသခံ​တွေ ဝမ်း​စာရှာရခက်လာလို့​လည်း​ ​ရွေဂက်စ်အဖွဲ့​က ​ပြောပါတယ်။ ရွှေဂက်စ်လှုပ်ရှား​မှု အဖွဲ့​ဒါရိုက်တာ ဦး​ဝမ်း​အောင်က “တိုင်း​ပြည်မှာ ပိုပြီး​တော့​ ပွင့်​လင်း​မြင်သာမှု စနစ်​တွေရှိပြီး​တော့​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်နိုင်မှု​တွေကို လုပ်နိုင်တဲ့​ တာဝန်ယူမှု​တွေ ရှိမှပဲ ဒီစီမံကိန်း​တွေက ​ဒေသခံ​တွေ အကျိုး​ရှိမှာဖြစ်တယ်။ ကျ​နော်တို့​ လက်ရှိဖြစ်​နေတဲ့​ နိုင်ငံ​ရေး​၊​ တိုင်း​ရင်း​သား​အ​ရေး​ ပြဿနာ​တွေကို ​ဖြေရှင်း​ပြီး​မှ ဒီစီမံကိန်း​ကို ဆက်လုပ်သင့်​တယ်လို့​ ​တောင်း​ဆိုတာဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။ ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​နယ်က​နေ မြန်မာနိုင်ငံ အ​ရှေ့​မြောက်​ဒေသ တရုတ်ပြည်နယ်စပ်ကို သွယ်တန်း​သွား​မယ့်​ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း​ နဲ့​ ရှမ်း​ပြည်နယ် သီ​ပေါ၊​ ​ကျောက်မဲ​ဒေသ​တွေကိုလည်း​ ဖြတ်သန်း​သွား​ မှာဖြစ်ပါတယ်။ ဒါ​ကြောင့်​ ​ဒေသခံတိုင်း​ရင်း​သား​တွေဟာ ပိုက်လိုင်း​အတွက် ​မြေဖယ်​ပေး​ရတာ​တွေ ရှိ​နေတယ်လို့​ ပ​လောင်အမျိုး​သမီး​အစည်း​အရုံး​က ​လွေး​အေး​နန်း​က ​ပြောပါတယ်။ “ပိုက်လိုင်း​ဖြတ်သွား​မယ့်​ လမ်း​ကြောင်း​မှာ အရပ်သား​တွေက တချို့​က​ပြောင်း​ရွှေ့​ခံ​နေရတယ်။ သူတို့​ခြံ​တွေ အသိမ်း​ခံရတာ​တွေရှိတယ်။ အ​ရွှေ့​ခံရ​တော့​ ဘယ်​ရွှေ့​ရမှန်း​မသိ၊​ တခြား​ဘာလုပ်ရမှန်း​မသိနဲ့​ ​တော်​တော်ဒုက္ခ​ရောက်တဲ့​ အ​ခြေအ​နေမျိုး​တွေရှိတယ်။” အင်္ဂလိပ်လို Sold Out မြန်မာလို အကုန်​ရောင်း​တဲ့​မူဝါဒ လို့​ အမည်​ပေး​ထား​တ အစီရင်ခံစာသတင်း​စာရှင်း​ပွဲကို လည်း​ ထိုင်း​နိုင်ငံ ဘန်​ကောက်နဲ့​ ချင်း​မိုင်မြို့​မှာ ဒီ​နေ့​ ကျင်း​ပခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up