Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်လာလုပ်သည့် မြန်မာများ ယာဉ်တိုက်မှုဖြစ်၊ ၃ ဦးသေဆုံး
DVB
·
May 27, 2016
ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်လုပ်ဖို့ လာရောက်တဲ့ မြန်မာအလုပ်သမားတွေ စီးနင်းလာတဲ့ကားဟာ ယာဉ်တိုက်မှုဖြစ်ပွားလို့ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ မေ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ပရကျူတ်ခီရီခန်ခရိုင် ဆင်းခွန်မြို့ကနေ စမွတ်စခွန်ကိုလာတဲ့ မြန်မာအလုပ်သမားတွေ စီးလာတဲ့ ဟိုင်းလပ်စ်ကားဟာ အမ်ဖ၀ါမြို့နယ် ဖရက်နမ်းဒဲန်းရပ်ကွက်မှာ ခရီးသည်တင်ဘတ်စ်ကားကြီးနဲ့ တိုက်မိပြီး လူ သေဆုံးဒဏ်ရာရ ခဲ့တာလို့  အမ်ဖ၀ါမြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲအုပ် ဆွန်ချိုင်း ကျစ်ကဆီကမ်က သတင်းထောက်တွေကို ပြောပါတယ်။ ခရီးသည်တင်ကားဒရိုင်ဘာက သူ့ကားမှာ ခရီးသည် ၄၀ ကျော်နဲ့ နခွန်းဆီထမရတ်ကနေ ဘန်ကောက်ကိုသွားဖို့ဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့နေရာအရောက် အပေါ့အပါးသွားဖို့ ကားအရှိန်လျှော့ပြီး  ရပ်ဖို့ပြင်လိုက်အချိန်မှာ အနောက်ကနေ ဟိုင်းလပ်စ်ကားက၀င်တိုက်တာလို့ ထွက်ဆိုပါတယ်။ ဟိုင်းလပ်စ်ကား မောင်းနှင်လာသူ အသက် ၃၄ နှစ်ရွယ်  မြန်မာအမျိုးသား ကိုဝင်းက စမွတ်စခွန် ထိုင်းရဲအရာရှိတဦးရဲ့ စေခိုင်းချက်အရ မြန်မာအလုပ်သမား ၅ ဦးကို ဆင်းခွန်နယ်စပ်ဂိတ်ကနေကြိုပြီး စမွတ်စခွန်ရှိ စက်ရုံတရုံကို ပို့ပေးမှာဖြစ်ကြောင်းနဲ့ ဘတ်စ်ကားကို အရှိန်မထိန်းနိုင်ပဲ တိုက်မိတာဖြစ်ကြောင်း ရဲစခန်းမှာ ၀န်ခံထွက်ဆိုခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုမှာ ခရီးသည်တင်ဘတ်စ်ကားဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ အနောက်က တိုက်လိုက်တဲ့ ဟိုင်းလပ်ကားက အမျိုးသမီး ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ယာဉ်မောင်းနဲ့ ကျန်အမျိုး သမီး ၂ ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူအားလုံး မြန်မာတွေဖြစ်ပြီး မယ့်ကလောင် ဆေးရုံနဲ့ ဆွမ်ဒစ်ဖရဖုတ်ထ လိုတ်လ ဆေးရုံကို ပို့ဆောင်ထားတယ်လို့  ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024