DVB Logo
Home
မြန်မာသတင်း
‘ဘား​မား​’ဟု သုံး​နှုန်း​သူ ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ မပါသင့်​ဟု လွှတ်​တော်၌ ​ဝေဖန်
DVB
·
September 6, 2011
Donate to DVB

မြန်မာ (Myanmar) ကို ဘား​မား​ (Burma) လို့​ ​ခေါ်​ဝေါ်သုံး​နှုန်း​သူတဦး​ဟာ ငြိမ်း​ ချမ်း​ရေး​ကော်မရှင်မှာ မပါဝင်သင့်​ဘူး​လို့​ ဒီ​နေ့​ အမျိုး​သား​လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြည်ခိုင်ဖြိုး​ပါတီဝင် ကိုယ်စား​လှယ်တဦး​က ​ပြောသွား​တယ်လို့​ သိရပါတယ်။

ဒီအစည်း​အ​ဝေး​မှာ “လက်နက်ကိုင် ပဋိပက္ခ​တွေကို ငြိမ်း​ချမ်း​ရေး​နဲ့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်ဖို့​နဲ့​ ဒီလို​ဆွေး​နွေး​ရာမှာ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို ထိပါး​မခံဘဲ ​ဆွေး​နွေး​ကြဖို့​” အဆိုကို ရန်ကုန်မဲဆန္ဒနယ်အမှတ် (၁၂) က ကိုယ်စား​လှယ် ဦး​ဆွေ​အောင်က တင်သွင်း​ပါတယ်။

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီက ​ဒေါက်တာ​အေး​မောင်နဲ့​ ချင်း​တိုး​တက် ​ရေး​ပါတီက ဦး​ပေါ်လျှံလွင် စတဲ့​ကိုယ်စား​လှယ်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် စတဲ့​ တိုင်း​ သိပြည်သိ၊​ အများ​ ကြည်ညို​လေး​စား​သူ​တွေလည်း​ ပါဝင်ဖို့​ ​ဆွေး​နွေး​ပါတယ်။

ဒါကို ပြည်ခိုင်ဖြိုး​ပါတီက မ​ကွေး​တိုင်း​ဒေသကြီး​ မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စား​ လှယ် ဦး​လှ​ဆွေက ​ဆွေး​နွေး​တဲ့​အခါ “မြန်မာကို မြန်မာလို့​မ​ခေါ်ဆိုနိုင်ပဲနဲ့​ ဘား​မား​လို့​ ​ခေါ်တာကို ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ ထည့်​မယ်ဆိုရင် ကျ​နော်တို့​ သံသယရှိပါတယ်” လို့​ ထည့်​ပြောသွား​ကြောင်း​ လွှတ်​တော်တက်​ရောက်သူတဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။

မွန်​ဒေသလုံး​ဆိုင်ရာဒီမိုက​ရေစီပါတီက ​ဒေါက်တာဗညား​အောင်မိုး​က​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ​ဆွေး​နွေး​ရာမှာ ကြိုတင်ကန့်​သတ်ချက်​တွေ ရှိ​နေတဲ့​အချက်ကို ​ထောက်ပြ​ဆွေး​နွေး​သွား​တယ်လို့​လည်း​ ​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲဆိုတာ ကြိုတင်ကန့်​သတ်ချက်ရှိရင် မ​ကောင်း​ဘူး​ပေါ့​။ အဲဒီ​တော့​ ဒီငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲကို လိုအပ်ချက်အရ အချိန်များ​စွာ သင်ခန်း​စာယူပါတဲ့​။ ဒီလိုကန့်​သတ်ချက်ကို​တော့​ ကြိုတင်ကန့်​သတ်ချက်ဖြစ်တဲ့​အတွက် မထည့်​ပါနဲ့​တဲ့​။”

ချင်း​တိုး​တက် ​ရေး​ပါတီက ဦး​ပေါ်လျှံလွင်ကလည်း​ လူနည်း​စု တိုင်း​ရင်း​သား​ပါတီ အ​နေနဲ့​ ရင်ဆိုင်ရတာ​တွေကို တင်ပြသွား​တယ်လို့​ ဆိုပါတယ်။

“သူတို့​အ​နေနဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို လက်ခံခဲ့​တာ​ကော၊​ ဒီ ၂၀၁၀ ​ရွေး​ ​ကောက် ပွဲဝင်ခဲ့​တဲ့​အတွက်ကို​ရော အများ​ကြီး​ပဲ ကဲ့​ရဲ့​ခြင်း​ခံခဲ့​ရပါတယ်တဲ့​။ ကဲ့​ရဲ့​ခြင်း​ခံရ တယ်တဲ့​။ ဒီလွှတ်​တော်ထဲကို ​ရောက်လာတဲ့​အခါမှာလည်း​ အမတ်အင်အား​ကလည်း​ နည်း​ တယ်၊​ တိုင်း​ရင်း​သား​တွေဖြစ်တဲ့​အတွက် များ​စွာမျက်နှာငယ် ​နေပါတယ်တဲ့​။ ဗမာလူမျိုး​တွေ နဲ့​ ငြိမ်း​ချမ်း​ရေး​ယူတဲ့​အခါမှာလည်း​ အကိုကြီး​တွေအရနဲ့​ အား​ကိုး​ချင်ပါတယ်တဲ့​။ အကိုကြီး​ အရာ ​နေ​ပေး​ပါ​ပေါ့​။”

တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေက ​ဆွေး​နွေး​ရာမှာ​တော့​ တပ်မ​တော်က တာ ဝန်ယူခဲ့​တဲ့​ နှစ် ၅၀ နီး​ပါး​မှာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို မ​ဖော်​ဆောင်နိုင်တာ​ကြောင့်​ ဖွံ့​ဖြိုး​တိုး​ တက်မှု ​နောက်ကျခဲ့​ရတယ်ဆိုတဲ့​ အချက်​တွေကို အဓိက ​ဆွေး​နွေး​သွား​ကြတယ်လို့​လည်း​ လွှတ်​တော်ကိုယ်စား​လှယ်တချို့​က ​ပြောပါတယ်။

ဒီအဆိုကို အမျိုး​သား​လွှတ်​တော်ဥက္ကဌ ဦး​ခင်​အောင်မြင့်​က အဆိုအဖြစ် အတည်ပြု ရုံမက ကိုယ်စား​လှယ် ၁၄ ဦး​ ​ဆွေး​နွေး​သွား​တဲ့​ အ​ကြောင်း​အရာ​တွေကို ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က ဖွဲ့​စည်း​ထား​တဲ့​ အမျိုး​သား​လွှတ်​တော် တိုင်း​ရင်း​သား​ရေး​ရာနှင့်​ ငြိမ်း​ချမ်း​ရေး​ကော်မတီက စာတမ်း​ပြုစုပြီး​ လွှတ်​တော်မှတ်တမ်း​အဖြစ် ထား​ရှိဖို့​ ဆုံး​ဖြတ်သွား​ပါတယ်။

ပြည်သူ့​လွှတ်​တော်မှာလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ ​မေး​ခွန်း​တွေကို အစိုး​ရ​ပြောခွင့်​ရပုဂ္ဂိုလ် ပြန်ကြား​ရေး​ဝန်ကြီး​က ​ဆောင်ရွက်​နေ​ကြောင်း​ ​ဖြေကြား​သွား​တယ် လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013