DVB Logo
Home
မေးမြန်းခန်း
လူ့​အခွင့်​အ​ရေး​ကော်မရှင်ဖွဲ့​စည်း​ခြင်း​နှင့်​ ပတ်သက်၍ HRDP ကို ​မေး​မြန်း​ခြင်း
DVB
·
September 6, 2011
Donate to DVB

အစိုး​ရသစ်က ဒီလ ၅ ရက်မှာ အဖွဲ့​ဝင် ၁၅ ဦး​ပါဝင်တဲ့​ မြန်မာနိုင်ငံအမျိုး​သား​ လူ့​အခွင့်​အ ​ရေး​ကော်မရှင်ကို ဖွဲ့​စည်း​လိုက်ပါတယ်။

၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ နိုင်ငံသား​တွေရဲ့​ မူလအခွင့်​အ​ရေး​တွေ မြှင့်​တင် ​ရေး​၊​ ကာကွယ်​ရေး​ ​ဆောင်ရွက်ဖို့​ ဒီ​ကော်မရှင်ကို ဖွဲ့​စည်း​တာလို့​ အစိုး​ရ​ကြေညာ ချက်က ဆိုပါတယ်။

ကော်မရှင်ရဲ့​ ​ခေါင်း​ဆောင်​တွေအဖြစ် ပါဝင်​ဆောင်ရွက်မယ့်​သူ​တွေဟာ စစ်အစိုး​ရ လက်ထက်တုန်း​က မြန်မာ့​လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ ခုခံကာကွယ်​ပြောဆိုခဲ့​ သူ​တွေ အများ​စုပါဝင်​နေတဲ့​အ​ပေါ် ​ဝေဖန်မှု​တွေရှိ​နေပါတယ်။

ပြည်တွင်း​ပြည်ပ လူ့​အခွင့်​အ​ရေး​အဖွဲ့​အစည်း​တွေက​တော့​ လူ့​အခွင့်​အ​ရေး​ကော်မရှင် ဖွဲ့​စည်း​တာကို အပြုသ​ဘော​ဆောင် ကြိုဆိုသူရှိသလို ဒီ​ကော်မရှင်ရဲ့​ လုပ်​ဆောင်နိုင်မှုအ​ပေါ် သံသယရှိ​နေသူလည်း​ ရှိပါတယ်။

ဒီ​ကော်မရှင်ဖွဲ့​စည်း​တဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ လူ့​အခွင့်​အ​ရေး​ကာကွယ်မြှင့်​တင်သူများ​ ကွန်ရက် (HRDP-Human Rights Defenders and Promoters network) ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​မောင်​မောင်​လေး​ကို ​မေး​မြန်း​ထား​ပါတယ်။

အစိုး​ရသစ်က လူ့​အခွင့်​အ​ရေး​ကော်မရှင်တရပ် ဖွဲ့​စည်း​လိုက်တဲ့​အ​ပေါ် ဦး​မောင်​မောင်​လေး​ တို့​ အမြင်သ​ဘောထား​ ဘယ်လိုရှိလဲ။

“အခု​ပေါ်​ပေါက်လာတဲ့​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က တကယ်ပဲ လူ့​အခွင့်​အ​ရေး​တွေကို တိုး​တက်ဖြစ်​ပေါ်လာဖို့​၊​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံ​နေရမှု​တွေကို တကယ် အကာအ ကွယ်​ပေး​ဖို့​ ရည်ရွယ်ချက်​တွေနဲ့​ ဖွဲ့​တာလား​၊​ တကယ်​ရော အဲဒီအဖွဲ့​အစည်း​တွေက လုပ်​ဆောင်နိုင်ပါ့​မလား​ဆိုတာ ကျ​နော်တို့​ အများ​ကြီး​စောင့်​ကြည့်​ရမှာပါ။ ​နောက်တချက်က အစိုး​ရက လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေကို ဖာ​ထေး​ဖို့​ နိုင်ငံတကာရဲ့​အမြင်​တွေကို ငြင်း​ ဆန်ဖို့​အတွက် ဖွဲ့​ထား​တဲ့​ အဖွဲ့​အစည်း​လား​ဆိုတာ အင်မတန်အ​ရေး​ကြီး​ပါတယ်။

“ကျ​နော်တို့​က​တော့​ လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို ဗမာပြည်မှာ ​ပေါ်လာတာကို မူအား​ဖြင့်​တော့​ ကြိုဆိုပါတယ်။ ဒါ​ပေမယ့်​ သူတို့​က အစိုး​ရအကျိုး​အတွက် လုပ်မှာလား​။ လူအခွင့်​အ​ရေး​နဲ့​ လူ​တွေရဲ့​ အ​ခြေခံအခွင့်​အ​ရေး​တွေအတွက် တကယ်အကျိုး​ပြုတဲ့​ အလုပ်​တွေကို လုပ်မှာလား​။ ဒါမှမဟုတ် လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတဲ့​ ကိစ္စ​တွေကို တကယ် အကာအကွယ်​ပေး​ဖို့​ လူ့​အခွင့်​အ​ရေး​ အသိတရား​တွေကို တကယ်မြှင့်​တင်တဲ့​ အဖွဲ့​ကြီး​ဖြစ်ဖို့​ဆိုတာ​တော့​ အများ​ကြီး​ ​စောင့်​ကြည့်​ရမှာပါ။”

ဒီ​ကော်မရှင်က ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ နိုင်ငံသား​တွေရဲ့​ မူလအခွင့်​အ​ရေး​တွေ ကို ကာကွယ်မြှင့်​တင်ဖို့​လို့​ ဆိုပါတယ်။ ဘယ်အတိုင်း​အတာအထိများ​ လုပ်နိုင်​ဆောင်နိုင်ပါ့​ မလဲ။

“ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာကိုက စစ်တပ်နဲ့​ပတ်သက်လာတဲ့​ အဖြစ်အပျက်ကိစ္စ မှန်သမျှကို စစ်တပ်အတွက်ကျင့်​သုံး​မယ့်​ တရား​ဥပ​ဒေပြုမဏ္ဍိုင်၊​ တရား​စီရင်​ရေး​မဏ္ဍိုင်က​နေ ကိုင် တွယ်ခွင့်​ရှိတာကို၊​ ဒီအမှု​တွေဆို အရပ်သား​ရုံး​တွေ​တောင် ​ရောက်ခွင့်​မှ မရှိဘူး​။ ဖွဲ့​စည်း​ပုံ အ​နေအထား​အရကို လူ့​အခွင့်​အ​ရေး​ကော်မရှင်အ​နေနဲ့​ လုပ်နိုင်ဖို့​ဆိုတာ အင်မတန် အခက်အခဲ​တွေ့​မှာပါ၊​ လုပ်နိုင်လိမ့်​မယ်လို့​ မထင်ပါဘူး​။

“​နောက်တချက်က လူ့​အခွင့်​အ​ရေး​ကော်မရှင် ​ပေါ်​ပေါက်လာတာက ဘာလုပ်မလို့​ လဲဆို​တော့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေထဲမှာ ပါတဲ့​ အခန်း​ ၈ မှာ နိုင်ငံသား​များ​ရဲ့​ မူလတာဝန် နှင့်​ အခွင့်​အ​ရေး​များ​ဆိုတဲ့​ အခန်း​ပေါ့​၊​ အဲ့​ဒီအတိုင်း​ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ဖို့​ ​ပြောတယ်၊​ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ဖို့​ဆိုရင် ဒီအခန်း​ ၈ မှာ ပြဋ္ဌာန်း​ထား​တာကို က နိုင်ငံသား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ပုံစံမျိုး​စုံနဲ့​ ချုပ်​နှောင်ထိန်း​ချုပ်ထား​တာ​တွေ ပါ တယ်၊​ အ​ခြေခံလူ့​အခွင့်​အ​ရေး​နဲ့​ မညီတဲ့​ကိစ္စ​တွေ အများ​ကြီး​ရှိ​နေတယ်၊​ အဲဒီမှာတင် သူတို့​ ရဲ့​ လုပ်နိုင်မှုအ​နေအထား​က ပိုပြီး​အလှမ်း​ကွာသွား​မယ်လို့​ ကျ​နော်တို့​ ထင်ပါတယ်။”

ဒီ​ကော်မရှင်အ​နေနဲ့​ ကျ​နော်တို့​နိုင်ငံမှာ ဖြစ်​ပေါ်​နေတဲ့​ လူ့​အခွင့်​ရေး​ဆိုင်ရာ ပြဿနာ​တွေ ထဲက ဘယ်လိုကိစ္စရပ်​တွေကို ပထမဆုံး​ ​ဖြေရှင်း​နိုင်ဖို့​ လိုအပ်တယ်လို့​ ထင်မိလဲ။

“သူတို့​ဖြေရှင်း​ရမယ့်​ကိစ္စက နိုင်ငံ​ရေး​အယူအဆ​တွေ မ​ပြောခင်၊​ ကျ​နော်တို့​ လူ့​အခွင့်​အ​ရေး​ အ​နေနဲ့​ပြောရင် မိမိရဲ့​ လွတ်လပ်စွာစု​ဝေး​ပိုင်ခွင့်​ကို​သော်လည်း​ကောင်း​၊​ မိမိရဲ့​လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်​ကို​သော်လည်း​ကောင်း​၊​ မိမိရဲ့​ လွတ်လပ်စွာ ​ဝေဖန်မှုကို​သော်လည်း​ ​ကောင်း​ ပြုကျင့်​ခဲ့​လို့​ လက်ရှိ​ထောင်ထဲမှာရှိ​နေတဲ့​ အကျဉ်း​သား​တွေကို ချက်ချင်း​လွှတ်ရမှာ ​ပေါ့​၊​ ယုံကြည်ချက်​ကြောင့်​၊​ လူ့​အခွင့်​အ​ရေး​ကြောင့်​၊​ နိုင်ငံ​ရေး​ကြောင့်​ အကျဉ်း​ကျ​နေသူ ​တွေကို ချက်ချင်း​လွှတ်​ပေး​ရမယ်။ ဒါဆိုရင်​တော့​ ပထမဆင့်​အ​နေနဲ့​ အ​ခြေခံလူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံ​နေရတဲ့​ အချက်တချက်ကို ကုစား​ပေး​နိုင်တဲ့​ အချက်ဖြစ်မှာပါ။

“အခြား​အလား​တူ ကိစ္စ​လေး​တွေ ဗမာပြည်မှာ အများ​ကြီး​ရှိ​သေး​တယ်။ ပထမဆုံး​ အဲဒီအချက်ကို လုပ်​ပေး​သင့်​ပါတယ်။ တခြား​ကိစ္စ​တွေက ​ပြောရမယ်ဆိုရင် ဥပမာ၊​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေက​နေစပြီး​ ပြည်တွင်း​ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေအများ​စုက လူ့​အခွင့်​အ​ရေး​နဲ့​ မညီတဲ့​ ကိစ္စ​တွေ ရှိတယ်။ အဲဒီကိစ္စ​တွေကို အခု အသစ်​ပေါ်​ပေါက်လာတဲ့​ လူ့​အခွင့်​အ​ရေး​ကော်မ ရှင်အ​နေနဲ့​ ဗမာပြည်တွင်း​မှာရှိတဲ့​ ဥပ​ဒေ​တွေကို ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ ​ကြေညာစာ တမ်း​ကြီး​နဲ့​အညီ ဥပ​ဒေ​တွေကို ပြုပြင်သင့်​တာ၊​ ပြင်ဆင်သင့်​တာ၊​ ​ပြောင်း​လဲသင့်​တာ​တွေ ဒုတိဆင့်​အ​နေနဲ့​ လုပ်ရပါလိမ့်​မယ်။”

အမျိုး​သား​အဆင့်​လူ့​အခွင့်​အ​ရေး​ကော်မရှင်ဝင်ဖြစ်လာတဲ့​ ပုဂ္ဂိုလ်​တွေနဲ့​ အစိုး​ရအဖွဲ့​ကို​ရော ဦး​မောင်​မောင်​လေး​တို့​အ​နေနဲ့​ ဘာ​တွေများ​ တိုက်တွန်း​ပြောကြား​လိုတာ​တွေ ရှိမလဲ။

“လူ့​အခွင့်​အ​ရေး​ကော်မရှင်ဆိုတဲ့​ ​ခေါင်း​စဉ်​အောက်မှာ ဖြစ်တဲ့​အတွက် ပါဝင်​ဆောင်ရွက် မယ့်​ ပညာရှိပုဂ္ဂိုလ်များ​ကို​သော်လည်း​ကောင်း​၊​ ဒီအဖွဲ့​အစည်း​ကို​သော်လည်း​ကောင်း​ ကျ​နော်တို့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​အစည်း​ဖြစ်တဲ့​အတွက် ဗမာပြည်မှာဖြစ်ပျက်​နေတဲ့​ ပြဿနာ အား​လုံး​ကို ဘက်လိုက်မှု​တွေ၊​ ချဉ်း​ကပ်မှု​တွေ ကင်း​ကင်း​ရှင်း​ရှင်း​နဲ့​ လူ့​အခွင့်​အ​ရေး​အမြင်၊​ အဓိကအား​ဖြင့်​ အ​ခြေခံလူ့​အခွင့်​အ​ရေး​ဖြစ်တဲ့​ အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်​အ​ရေး​ကြေညာ စာတမ်း​ကြီး​ကို သူတို့​အ​နေနဲ့​ လက်ကိုင်ပြု​စေချင်ပါတယ်။ အဲ​ကြေညာစာတမ်း​မှာပါဝင်တဲ့​၊​ အမြင်​တွေ၊​ အ​တွေး​အ​ခေါ်​တွေနဲ့​ အညီ ​ဆောင်ရွက်ဖို့​တော့​ ကျ​နော်တို့​က အဲဒီအဖွဲ့​အသီး​ သီး​ကို ​မေတ္တာရပ်ခံချင်ပါတယ်။

“အ​ခြေခံလူ့​အခွင့်​အ​ရေး​ အချက် ၃၀ ထဲက အပိုဒ်​တွေအရ ဒီကိစ္စ​တွေ ပြုပြင်​ပေး​ဖို့​၊​ ​ပြောင်း​လဲ​ပေး​ဖို့​ အစိုး​ရအ​နေနဲ့​ ဒီကိစ္စ​တွေမှာ အဓိက လုပ်သင့်​ပါတယ်။ အဲဒါ​တွေ လုပ်နိုင် မယ်ဆိုရင် ကျ​နော်တို့​ မြန်မာပြည်ရဲ့​ လူ့​အခွင့်​အ​ရေး​ပြဿနာတင် မဟုတ်ဘူး​။ တခြား​ နိုင်ငံ​ရေး​ပြဿနာ၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ပြဿနာ​တွေပါ ​ဖြေရှင်း​နိုင်တဲ့​လမ်း​ကြောင်း​ပေါ်ကို ​ရောက်လာလိမ့်​မယ်လို့​ ထင်ပါတယ်။ ဒါ​ကြောင့်​ အစိုး​ရအ​နေနဲ့​ ဒီကိစ္စ​တွေကို ​ဆောင်ရွက် သင့်​ပါတယ်။ ​ဆောင်ရွက်ဖို့​လည်း​ တိုက်တွန်း​ချင်ပါတယ်၊​ အကြံ​ပေး​ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013