DVB Logo
Home
မြန်မာသတင်း
မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်
DVB
·
May 27, 2016
မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေကို ဆေးကုသပေးနေတဲ့ မယ်တော်ဆေးခန်းကို မနက်ဖြန်ကစပြီး နေရာပြောင်းရွှေ့ဖွင့်လှစ်မှာဖြစ်ပါ တယ်။

လက်ရှိ ဆေးခန်းတည်ရှိတဲ့ ရပ်ကွက်အတွင်းက တခြားနေရာကို ပြောင်းရွှေ့တာဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ နေရာထိုင်းခင်းနဲ့ ၀န်ဆောင်မှုဒီထက်ကောင်းအောင် ပြောင်းရွှေ့တာ ဖြစ်တယ်လို့ မယ်တော်ဆေးခန်းရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးအောင်ပြည်မိုးက ပြောပါတယ်။

“၀န်ဆောင်မှုကတော့ အရင်တုန်းကထက်စာရင် အစီအစဉ်ပိုကျသွားတာပေါ့။ အရင်ဆေးခန်း အဟောင်းမှာဆိုရင် တခုချင်းလိုအပ်တဲ့ဟာတွေကိုပဲ ကျနော်တို့ တိုးချဲသွားတာပေါ့။ အခုဟာ ကတော့ တကယ်စနစ်တကျ ကျနော်တို့ ဖွဲ့စည်းတည်ဆောက်ပုံတွေ သေချာပြင်ဆင်ပြီး တည်ဆောက်ထားတယ်ဆိုတော့ လူနာတွေအတွက်လည်းပိုပြီးတော့ အဆင်ပြေတယ်။ ပြီးတော့ service ပေးနေတဲ့သူတွေအတွက်လည်း ပိုပြီးအဆင်ပြေတယ်။”

ဒီဆေးခန်းသစ်ကို ပြောင်းရွှေ့အခြေချနိုင်ဖို့ မြေနေရာရှိဖွေတာ၊ ရန်ပုံငွေစုဆောင်းတာနဲ့ ဆေးခန်း အဆောက်အဦအတွက် ပုံစံရေးဆွဲတာနဲ့ တည်ဆောက်တာတွေအတွက် အချိန် ၁၀ နှစ်ယူပြီး ပြင်ဆင်မှု တွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

မနက်ဖြန် ၂၈ ရက်နေ့မှာ ဆေးခန်းသစ်ဖွင့်ပွဲလုပ်ဆောင်မှာဖြစ်ပြီး တချိန်ထဲမှာပဲ အတွင်း၊ အပြင်လူနာ ကုသမှုအားလုံးကို ဆေးခန်းသစ်မှာပဲ ၀န်ဆောင်မှုပေးမှာဖြစ်တယ်လို့လည်း ဦးအောင်ပြည်မိုးက ပြောပါတယ်။

လက်ရှိဆေးခန်းဟောင်းမှာတော့ သင်တန်းနဲ့ပတ်တဲ့ရုံး၊ Burma Base health service ရုံးနဲ့ ၀န်ထမ်း ဘောင်ဒါဆောင်ထားရှိမှာဖြစ်ပါတယ်။

နယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိနေသရွေ့တော့ ဒီအလုပ်သမားတွေ နယ်စပ်ဒေသက ပြည်သူတွေအတွက် ဒီဆေးခန်း ဆက်လက်ရပ်တည်နေမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“နယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများကြီးရှိပါသေးတယ်။ ပြည်တွင်းက တချို့ လူတွေလည်း ဒီဖက်ကို တချို့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် သွားလာနေတဲ့ သူတွေ ရှိတယ်။ ဒီလိုရှိနေတဲ့အခြေအနေပေါ်မှာ ကျနော်တို့ နယ်စပ်တလျှောက်မှာလည်း တချို့ မိတ်ဖက်အဖွဲ့တွေနဲ့ ဆက်စပ်ပြီး ၀န်ဆောင်မှုပေးတဲ့ဟာတွေ ရှိတယ်။ ကျန်နေတဲ့သူတွေ လာနေတဲ့သူတွေ အမြဲတမ်းရှိနေတဲ့အတွက် သူတို့ ကျနော်တို့ကို လိုအပ်နေတဲ့အချိန်အထိ ကျနော်တို့ ဒီမှာပဲ ရှိနေဦးမှာဖြစ်ပါတယ်။”

မယ်တော်ဆေးခန်းမှာ ၀န်ထမ်းအားလုံး ၅၃၀ လောက်ရှိပြီး နေ့စဉ် လူနာ ၁၀၀၀ ၀န်းကျင်ကို ကူသပေးနေသလို ၁ နှစ်မှာ အနည်းဆုံးလူနာ ၁ သိန်းခွဲ ကုသပေးနေရပါတယ်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်က ဒေါက်တာစင်သီယာမောင်ကနေ တည်ထောင်ထားတာ ဖြစ်ပြီး အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာပါ။

လက်ရှိနေရာဟောင်းမှာပဲ ၂၇ နှစ်တာ ကုသမှုတွေပေးပြီးအခု နေရာသစ်မှာ ရွှေ့ပြောင်း ကုသတာဖြစ်ပါတယ်။

မယ်တော်ဆေးခန်းသစ်ရဲ့ ရန်ပုံငွေအတွက်လည်း ပြည်တွင်းနဲ့ နယ်စပ်က အနုပညာရှင်တွေ ပူးပေါင်းပြီး ပန်းချီပြပွဲနဲ့ဓာတ်ပုံပြပွဲတွေ ဒီကနေ့ညနေမှာပြုလုပ်ဖို့ရှိသလို ၂၉ ရက်နေ့မှာလည်း စာပေဟောပြောပွဲ ပြုလုပ်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013