DVB Logo
Home
မြန်မာသတင်း
အမျိုး​အမည်မသိအရည်ကို အရက်ထင်ပြီး​သောက်၍ လူ ၅ ဦး​ ​သေဆုံး​၊​ ၂၇ ဦး​ ​ဆေး​ရုံရောက်
DVB
·
September 6, 2011
Donate to DVB

ဧရာဝတီတိုင်း​ လပွတ္တာခရိုင်မှာ ပင်လယ်​ရေထဲ​မျောလာတဲ့​ ပုံး​ထဲက အရည်ကို အရက်အ မှတ်နဲ့​ ​သောက်မိလို့​ ရွာသား​ ၅ ဦး​ ​သေဆုံး​ပြီး​ ၂၇ ဦး​ ​ဆေး​ရုံတက်​နေရပါတယ်။

ပြင်စလူမြို့​နယ်ခွဲ ပြင်လမ်း​ကျေး​ရွာအုပ်စု မင်္ဂလာ​တောင်တန်း​ရွာမှာ ခုလဆန်း​ ၂ ရက်က ရွာသား​တချို့​ဟာ ပင်လယ်ကမ်း​စပ်အနီး​မှာ ပလတ်စတစ်ပုံး​တလုံး​ကို ဆယ်ယူရရှိ ပြီး​ ပုံး​ထဲကအရည်ကို အရက်အမှတ်နဲ့​ ​သောက်မိတာလို့​ လပွတ္တာမြို့​ခံတဦး​က ​ပြောပြပါတယ်။

“ဘာရယ်လို့​တော့​ ပင်လယ်ကလူက မသိဘူး​ပေါ့​။ ဆယ်ရတဲ့​အခါကျ​တော့​ ဖွင့်​ပြီး​ နမ်း​ကြည့်​လိုက်​တော့​ ​မွှေး​တေး​တေး​အနံ့​ရှိ​နေ​တော့​ အရက်​ပေပါပဲဆိုပြီး​တော့​ တဂါလံ ​လောက်ကို ​ဖျော်ပြီး​တော့​ ၁၀ ​ယောက်က စပ်​သောက်ကြည့်​တယ်။ ၂ ရက်​နေ့​က စ ​သောက်တယ်။”

ဒါ့​အပြင် ကျန်တာ​တွေကို အရက်ဆိုင်ကိုသွား​ရောင်း​ပြီး​ ဆိုင်က ​ရေနဲ့​စပ်ပြီး​ ပြန်​ရောင်း​ကြောင်း​၊​ ဒီအရည်ကို​သောက်ခဲ့​သူ​တွေဟာ ​နောက် ၂ ရက်​လောက်အကြာမှာ မူး​တာ၊​ အန်တာ၊​ ​သေဆုံး​တာ​တွေ ဖြစ်ပွား​လာလို့​ မြို့​နယ်အာဏာပိုင်​တွေကို အ​ကြောင်း​ကြာ ကြတာလို့​လည်း​ လပွတ္တာမြို့​ခံက ​ပြောပါတယ်။

“မြို့​နယ်ကဆင်း​ပြီး​တော့​ အကုန်လုံး​ လှုပ်ရှား​မှုအ​နေနဲ့​ သွား​ပြီး​တော့​ ​လေ့​လာတဲ့​ အခါမှာ ဟိုမှာ​သေပြီး​တော့​၊​ မ​နေ့​ကတုန်း​က သယ်လာတာ ​သေပြီး​သား​အ​လောင်း​ ၄ ​လောင်း​၊​ လမ်း​မှာ ၂၈ ​ယောက်ကို သယ်လာတယ်၊​ စက်​လှေနဲ့​ လမ်း​မှာ တ​ယောက်ထပ် သေ​တော့​ ​သေတဲ့​လူက ၅ ​လောင်း​ ဒီကိုပါလာတယ်။”

ဆေး​ရုံတက်သူ ၂၇ ဦး​ထဲက ၂ ဦး​က အ​ခြေအ​နေဆိုး​တယ်လို့​လည်း​ ​ပြောပါတယ်။ ဒါ့​အပြင် ဒီအရည်ကို​သောက်မိတဲ့​ နယ်​တွေမှာလည်း​ ​သေဆုံး​မှု​တွေ ထပ်ရှိ​နေတယ်လို့​ ကြား​သိရတယ်လို့​လည်း​ ဆိုပါတယ်။

ဗူး​ထဲပါလာတဲ့​အရည်ဟာ ဘာမှန်း​ တိတိကျကျ မသိရ​သေး​ဘဲ လက်ကျန် နမူနာအရည်ကို ဓာတ်ခွဲခန်း​မှာ စမ်း​သပ်အ​ဖြေရှာမှ သိရမှာပဲလို့​ မြို့​ခံက ​ပြောပါတယ်။

“ကျ​နော်တို့​ ဒီဘက်မှာလည်း​ ဓာတ်ခွဲခန်း​ဆိုတဲ့​ အ​နေအထား​၊​ ပစ္စည်း​တခုကို အဆိပ်အ​တောက်ဖြစ်တယ်ဆိုရင် ဘာ​ကြောင့်​လဲ၊​ ဘယ်လိုဖြစ်တာလဲဆိုတဲ့​ ဆုံး​ဖြတ်ချက် ​ပေး​ဖို့​ စမ်း​သပ်နိုင်တဲ့​အ​နေအထား​ မရှိဘူး​။ ကျ​နော်တို့​သိသ​လောက်ဆိုရင် ရန်ကုန်ကိုပြန် တင်ပြီး​တော့​ ဓာတ်ခွဲရမယ့်​အ​နေအထား​ပဲ ရှိတယ်။”

လူနာ​တွေအ​ခြေအ​နေ သိရဖို့​ လပွတ္တာမြို့​နယ် ​ဆေး​ရုံကို ဆက်သွယ်​ပေမယ့်​ မရ ​သေး​ပါဘူး​။ အခင်း​ဖြစ်တဲ့​ မင်္ဂလာ​တောင်တန်း​ရွာဟာ လပွတ္တာမြို့​နဲ့​ ​ရေ​ကြောင်း​က​နေ ၆ နာရီခရီး​ ကွာ​ဝေး​တယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013