DVB Logo
Home
မြန်မာသတင်း
လူ့​အခွင့်​အ​ရေး​ကော်မရှင် အလုပ်ဖြင့်​သက်​သေပြရန်လိုဟု လှုပ်ရှား​သူများ​ပြော
DVB
·
September 6, 2011
Donate to DVB

အစိုး​ရက အသစ်ထပ်ဖွဲ့​စည်း​လိုက်တဲ့​ မြန်မာနိုင်ငံအမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဟာ လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေကို အမှန်တကယ်​ဆောင်ရွက်ဖို့​ လိုအပ်တယ်လို့​ ပြည်တွင်း​ပြည်ပ လူ့​အခွင့်​အ​ရေး​ကာကွယ်လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။

ဒီ​ကော်မရှင်ကို အငြိမ်း​စား​သံအမတ်ကြီး​တွေ၊​ တက္ကသိုလ်အငြိမ်း​စား​ပါ​မောက္ခ​တွေ၊​ အစိုး​ရဝန်ကြီး​ဌာန​တွေက အငြိမ်း​စား​အရာရှိ​တွေ စတဲ့​အဖွဲ့​ဝင် ၁၅ ဦး​နဲ့​ ဖွဲ့​စည်း​ကြောင်း​ အစိုး​ရက မ​နေ့​ကရက်စွဲနဲ့​ ထုတ်ပြန်​ကြေညာထား​ပါတယ်။

ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ နိုင်ငံသား​များ​ မူလအခွင့်​အ​ရေး​ မြှင့်​တင်ကာကွယ်ဖို့​ ဖွဲ့​စည်း​တယ်လို့​ ​ကြေညာလိုက်တဲ့​ ဒီ​ကော်မရှင်ကို လူ့​အခွင့်​အ​ရေး​ အဖွဲ့​အစည်း​တွေက သံသယနဲ့​ ကြိုဆိုလိုက်ကြတာပါ။

လူ့​အခွင့်​အ​ရေး​ကာကွယ်မြှင့်​တင်သူများ​ကွန်ရက် (HRDP) ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​မောင်​မောင်​လေး​က “အခု​ပေါ်​ပေါက်လာတဲ့​ လူ့​အခွင့်​အ​ရေး​ကော်မရှင်က တကယ်ပဲ လူ့​အခွင့်​အ​ရေး​တွေကို တိုး​တက်ဖြစ်​ပေါ်လာဖို့​၊​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို တကယ် အကာအကွယ်​ပေး​ဖို့​ အဲဒီရည်ရွယ်ချက်​တွေနဲ့​ တကယ်ဖွဲ့​တာလား​၊​ တကယ်​ရော အဲဒီအဖွဲ့​ အစည်း​တွေက လုပ်​ဆောင်နိုင်ပါ့​မလား​ဆိုတာ​တော့​ အများ​ကြီး​ ​စောင့်​ကြည့်​ရမှာပါ” လို့​ ​ပြောကြား​ပါတယ်။

“​နောက်တချက်က နိုင်ငံတကာမှာ အစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေကို ဖာ​ထေး​ဖို့​ နိုင်ငံတကာနဲ့​ အမြင်​တွေကို ငြင်း​ဆန်ဖို့​အတွက် ဖွဲ့​စည်း​ထား​တဲ့​အဖွဲ့​လား​ဆိုတာ ဒါက အင်မတန်အ​ရေး​ကြီး​ပါတယ်။ ကျ​နော်တို့​က​တော့​ လူ့​အခွင့်​အ​ရေး​ကော်မရှင် မြန်မာ ပြည်မှာ ​ပေါ်လာတာကို မူအား​ဖြင့်​ ကြိုဆိုပါတယ်။ ဒါ​ပေမယ့်​ သူတို့​က အစိုး​ရအကျိုး​အ တွက် လုပ်မှာလား​။ လူ့​အခွင့်​အ​ရေး​နဲ့​ လူ​တွေရဲ့​အ​ခြေခံအခွင့်​အ​ရေး​တွေအတွက် တကယ်အကျိုး​ပြုမယ့်​အလုပ်ကို လုပ်မှာလား​ပေါ့​။ လူ့​အခွင့်​အ​ရေး​အသိတရား​တွေ တကယ်မြှင့်​တင်တဲ့​ အဖွဲ့​ကြီး​ဖြစ်ဖို့​ဆိုတာ​တော့​ အများ​ကြီး​ ​စောင့်​ကြည့်​ရမှာပါ။”

စစ်အစိုး​ရလက်ထက်တုန်း​က လူ့​အခွင့်​အ​ရေး​ကော်မတီ ရှိခဲ့​ပေမယ့်​ လူ့​အခွင့်​အ ​ရေး​ချိုး​ဖောက်မှု​တွေကို ကာကွယ်​ပြောဆို လုပ်​ဆောင်မှု​တွေပဲ ရှိခဲ့​ပါတယ်။

ထိုင်း​နိုင်ငံအ​ခြေစိုက် လူ့​အခွင့်​အ​ရေး​ပညာ​ပေး​ဌာန(မြန်မာနိုင်ငံ) ဒါရိုက်တာ ဦး​အောင်မျိုး​မင်း​က​တော့​ အခုဖွဲ့​စည်း​လိုက်တဲ့​ လူ့​အခွင့်​အ​ရေး​ကော်မရှင်ဟာ လက်​တွေ့​ပြဖို့​ လိုတယ်လို့​ ​ပြောပါတယ်။

“အလုပ်နဲ့​သက်​သေပြပါ။ ဒါဆိုရင် ကျ​နော်တို့​ ယုံကြည်မှာဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အရင်တုန်း​က ဒီလိုမျိုး​ ဟန်ပြအ​နေနဲ့​ လုပ်​ဆောင်တာ​တွေ၊​ တကယ်တမ်း​ မဟုတ်ဘဲ နိုင်ငံ ​ရေး​ခုတုံး​လုပ်ပြီး​ လုပ်​ဆောင်တာ​တွေ​ကြောင့်​ ကျ​နော်တို့​မှာ အမြဲတမ်း​သံသယ ရှိ​နေရ တယ်။ အဲဒီလိုဖြစ်​နေရတာ သံသယရှိသူရဲ့​အပြစ်လား​၊​ သံသယဖြစ်​အောင်လုပ်ခဲ့​တဲ့​ အစဉ် အလာ​တွေ​ကြောင့်​လား​ဆိုတာ​တော့​ သ​ဘော​ပေါက်​စေချင်ပါတယ်။”

လူ့​အခွင့်​အ​ရေး​ကော်မရှင် ​ခေါင်း​ဆောင်​တွေအဖြစ် တာဝန်ယူမယ့်​သူ​တွေထဲမှာ စစ်အစိုး​ရလက်ထက်တုန်း​က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေဘက်က ခုခံ​ပြောဆိုဖူး​သူ ​တွေ ပါဝင်​နေတာကိုလည်း​ ဦး​အောင်မျိုး​မင်း​က ​ထောက်ပြပါတယ်။

“သူတို့​တွေက တကယ်တမ်း​လွတ်လပ်တယ်လို့​ ​ပြောနိုင်မလား​။ အစိုး​ရရဲ့​ ဩဇာ လွှမ်း​မိုး​မှု ဆက်လက်ရှိ​နေတဲ့​သူ​တွေ ဖြစ်​နေမလား​။ ဒါမှမဟုတ် အရင်ပုံစံအတိုင်း​ အစိုး​ရ ကိုယ်စား​ ကာကွယ်​ပြောဆိုမယ့်​သူ​တွေ ဖြစ်လာမလား​၊​ ဒီအချက်က အရမ်း​အ​ရေး​ကြီး​ပါ တယ်။

“ဒီအထဲမှာ ပညာရှင်ပိုင်း​အရ ကျ​နော်တို့​ ​လေး​စား​ရတဲ့​ ဆရာဆရာမကြီး​တွေ ပါပါ တယ်။ ဒါ​ပေမယ့်​ ဒီဆရာဆရာမကြီး​တွေရဲ့​ လုပ်​ဆောင်နိုင်တဲ့​ အ​နေအထား​က ကန့်​သတ် ထား​တဲ့​အရာ​တွေ၊​ တကယ်တမ်း​ လူ့​အခွင့်​အ​ရေး​ကို ကာကွယ်ချင်တာ မဟုတ်ဘဲနဲ့​ ဟန်ပြ အ​နေနဲ့​ ဒါကိုလုပ်ပြတဲ့​သ​ဘောမျိုး​ ဖြစ်​နေရင် သူတို့​အ​ပေါ်မှာ လူ​တွေ​လေး​စား​တဲ့​ အရာ​တွေ ထိခိုက်နိုင်ပါတယ်။”

ဒီလူ့​အခွင့်​အ​ရေး​ကော်မရှင်ဟာ စစ်အစိုး​ရလက်ထက် လူ့​အခွင့်​အ​ရေး​ချိုး​ဖောက် ခံရပြီး​ မိသား​စုနဲ့​ဝေး​တဲ့​ထောင်​တွေမှာ နှစ်ရှည်​ထောင်ဒဏ်​တွေကိုကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အ ကျဉ်း​သား​တွေကို အမြန်ဆုံး​လွှတ်ဖို့​၊​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ လက်နက်ပိုင်ပဋိပက္ခ​တွေ ​ကြောင့်​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရမှု ဖြစ်​နေတာ​တွေကို ပထမဆုံး​ စတင်ထုတ်​ဖော် လုပ်​ဆောင်ဖို့​ လိုအပ်မယ်လို့​ လူ့​အခွင့်​အ​ရေး​တက်ကြွလှုပ်ရှား​သူ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013