DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရောက် မြန်မာလုပ်သား​ ၄၀၀ ​ကျော် အလုပ်ပြုတ်
DVB
·
September 6, 2011
Donate to DVB

ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​အနီး​ ဘန်​ဘော်မြို့​နယ်က အဝတ်အထည် အလုပ်ရုံတရုံက မြန်မာအလုပ်သမား​ ၄၀၀ ​ကျော် အလုပ်ဖြုတ်ခံရပါတယ်။

အနိမ့်​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ မဲဆွယ်ပြီး​ အနိုင်ရတဲ့​အစိုး​ရ တက်​နေပြီမို့​ လုပ်အား​ခ​တွေ တိုး​လာမယ်လို့​ ​မျှော်လင့်​နေချိန်မှာ မြန်မာအလုပ်သမား​ ရာချီ အလုပ်ပြုတ်သွား​တာပါ။

ထိုင်း​အစိုး​ရ အ​ကောင်အထည်​ဖော်မယ့်​ အနိမ့်​ဆုံး​ လုပ်အား​ခ ဘတ် ၃၀၀ ကို မ​ပေး​နိုင်လို့​ အလုပ်ရှင်က ကြိုပြီး​အလုပ်ထုတ်တာလို့​ အလုပ်သမား​တွေကို ကူညီတဲ့​ ဘန်​ကောက်အ​ခြေစိုက် ထိုင်း​-မြန်မာအသင်း​က နိုင်ငံခြား​ဆက်ဆံ​ရေး​တာဝန်ခံ ဦး​မျိုး​နိုင်က ​ပြောပြပါတယ်။

“ဘန်​ဘော်မှာ မြန်မာအလုပ်သမား​ အား​လုံး​ပေါင်း​ အ​ယောက် ၈၀၀ ​လောက် ရှိတဲ့​ အထည်ချုပ်စက်ရုံမှာ အလုပ်သမား​တွေက ကျ​နော့်​ကို လာ​ပြောတယ်။ အလုပ်ရှင်က တ​နေ့​ကို ၂၁၀ ​ပေး​ထား​တယ်။ အလုပ်ရှင်က ​နောက်ပိုင်း​ကို ၃၀၀ သတ်မှတ်လို့​ရှိရင် မ​ပေး​နိုင်​တော့​တဲ့​အတွက် ဒီ​နေ့​ကစပြီး​ အလုပ်မလုပ်ပါနဲ့​တော့​လို့​ ​ပြောလိုက်တယ်။ ၃၀၀ ရတာမရတာက တကဏ္ဍ၊​ ​လော​လောဆယ် ကိုယ့်​အလုပ်သမား​တွေ ထုတ်ခံလိုက်ရတယ်။”

တရက် ဘတ် ၃၀၀ အစီအစဉ်ဟာ ထိုင်း​အလုပ်သမား​တွေ​တောင် ရဖို့​မ​သေချာ ​သေး​ဘူး​လို့​လည်း​ ဦး​မျိုး​နိုင်က ​ပြောပါတယ်။

ထိုင်း​-မြန်မာနယ်စပ် တပ်ခရိုင် မဲ​ဆောက်မြို့​မှာလည်း​ တရက်လုပ်အား​ခ ဘတ် ၃၀၀ ရဖို့​ဖြစ်နိုင်​ခြေမရှိဘူး​လို့​ အလုပ်သမား​အခွင့်​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ မြန်မာပြည်သား​များ​အ​ရေး​ ပူး​တွဲလှုပ်ရှား​ရေး​ကော်မတီ ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။

“မဲ​ဆောက်မှာတင် တပ်ခရိုင် ၆ မြို့​နယ်မှာ ​နေ့​စား​ခ ၁၆၂ ဘတ် သတ်မှတ်ထား​ တယ်။ တကယ်တမ်း​ရတာက အား​လုံး​ သတ်မှတ်ချက်ထက် ​လျော့​နဲစွာရတာဖြစ်တဲ့​အ တွက် ဘတ် ၃၀၀ ဆိုတာ အလုပ်သမား​တွေအတွက် လုံး​ဝပုံပြင်ပဲ။”

မြန်မာအလုပ်သမား​တွေဟာ လစာပုံမှန်မရတာမျိုး​က​တော့​ ရိုး​နေပြီလို့​လည်း​ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။

ရာဘာလုပ်ငန်း​တွေများ​တဲ့​ ထိုင်း​တောင်ပိုင်း​ ဖန်ငါခရိုင်က ပညာ​ရေး​နှင့်​ဖွံ့​ဖြိုး​တိုး​ တက်​ရေး​ဖောင်​ဒေး​ရှင်း​ တာဝန်ခံ ဦး​ထူး​ချစ်က​တော့​ အနိမ့်​ဆုံး​လစာ ဘတ် ၃၀၀ ဖြစ်နိုင်တယ်လို့​ အကဲဖြတ်ပြီး​ မရရင်လည်း​ အလုပ်သမား​တွေဘက်က အ​ရေး​ဆိုကြဖို့​လို တယ်လို့​ ​ပြောပါတယ်။

ထိုင်း​အစိုး​ရသစ်ဟာ ​ရွေး​ကောက်ပွဲမဲဆွယ်တုန်း​က အနိမ့်​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ ကတိ​ပေး​ခဲ့​ပြီး​ အနိုင်ရခဲ့​ပါတယ်။ ဒီလုပ်အား​ခကိစ္စကို အလတ် စား​နဲ့​အငယ်စား​ လုပ်ငန်း​ရှင်​တွေက အဆက်မပြတ် ကန့်​ကွက်​နေတာ​ကြောင့်​ အနိမ့်​ဆုံး​ လုပ်အား​ခအစား​ အနိမ့်​ဆုံး​ဝင်​ငွေလို့​ပြောင်း​လဲ​ကြေညာထား​ပါတယ်။

အနိမ့်​ဆုံး​ဝင်​ငွေဆိုတဲ့​သတ်မှတ်ချက်​ကြောင့်​ ဘတ် ၃၀၀ ကို အသား​တင် လုပ်အား​ခအဖြစ် မရ​တော့​ဘဲ အလုပ်ရှင်​တွေ ပံ့​ပိုး​ပေး​ထား​တဲ့​ တခြား​ကိစ္စ​တွေရဲ့​ တန်ဖိုး​ကို ထည့်​ပေါင်း​မှာဖြစ်ပါတယ်။

ထိုင်း​ဝန်ကြီး​ချုပ်ရင့်​လတ်ရဲ့​ ဇူလိုင် ၁၁ ရက် ​ပြောဆိုချက်အရ ဘတ် ၃၀၀ လုပ်အား​ခမူဝါဒဟာ ထိုင်း​အလုပ်သမား​တွေအတွက်ပဲ အကျိုး​ရှိပြီး​ နိုင်ငံခြား​သား​အလုပ် သမား​တွေ ခံစား​ခွင့်​မရှိတဲ့​သ​ဘော သက်​ရောက်​နေပါတယ်။

ထိုင်း​နိုင်ငံရဲ့​ တည်ဆဲဥပ​ဒေအရ ထိုင်း​အလုပ်သမား​တွေသာမက ​ရွှေ့​ပြောင်း​အ လုပ်သမား​တွေအတွက်ပါ အနိမ့်​ဆုံး​လုပ်အား​ခ သတ်မှတ်ထား​ပြီး​ ခွဲခြား​ခြင်း​မရှိ​စေရလို့​ ပြဋ္ဌာန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013