A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဒုနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

(ဓာတ်ပုံ -နိုင်ငံခြားရေးဝန်ကြီးဌာန)
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးကို နေပြည်တော်ရှိ ၀န်ကြီးရုံးဧည့်ခန်းမှာ ဒီနေ့လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖန်ဘင်မင်းရဲ့ အထူးကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vu Hong Nam နဲ့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ တွေ့ဆုံမှုအတွင်း ဗီယက်နမ်ဒုနိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့်  (၉) ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး ဖိတ်စာကို ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up