DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း စစ်ဘက်ခေါင်းဆောင်များ ခရီးသွားလုပ်ငန်းကိစ္စ ဆွေးနွေး
DVB
·
May 26, 2016
မြန်မာ-ထိုင်း စစ်ဘက်ခေါင်းဆောင်များ ခရီးသွားလုပ်ငန်းကိစ္စ ဆွေးနွေး
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဒုတိယ၀န်ကြီးချုပ် General Tanasak Patimapragorn တို့ မေ ၂၅ ရက်မွန်းလွဲက တွေ့ဆုံပြီး ယဉ်ကျေးမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် မေ ၂၅ ရက်နေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးမှာ ယဉ်ကျေးမှုရေးရာနဲ့ ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေကြတဲ့ အစိုးရ၀န်ကြီးဌာနတွေ ရှိကြပြီးဖြစ်လို့ အခုလို စစ်ဘက်ဆိုင်ရာခေါင်းဆောင်ပိုင်းက  ဘာကြောင့် ဆွေးနွေးကြတယ်၊ ဘယ်အပိုင်းကို ဆွေးနွေးတယ်ဆိုတာကို ရေးသားဖော်ပြ ထားခြင်း မရှိပါဘူး။

တွေ့ဆုံပွဲကို မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နဲ့ အရာရှိကြီးတွေ တက်ရောက်ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျာနှာမှာ ဖော်ပြပါတယ်။

ထိုင်းဒုတိယ၀န်ကြီးချုပ်နဲ့ မတွေ့ဆုံမီ နာရီပိုင်းအကြာက ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်မှာ ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013