DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် လိုင်စင်မဲ့ အရက်များ ဖမ်းမိ
DVB
·
May 26, 2016
စစ်တွေတွင် လိုင်စင်မဲ့ အရက်များ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တရားမဝင်သယ်ဆောင်လာတဲ့ လိုင်စင်မဲ့အရက်တွေကို မေ ၂၅ ရက်နေ့ပိုင်းက စစ်တွေမြို့ ဆက်ရိုးကျ ချောင်းအတွင်းရှိတဲ့ သင်္ဘောတွေကို စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တွေမြို့ မြို့မရဲစခန်းက ပြောပါတယ်။

အဲ့ဒီလိုင်စင်မဲ့အရက်တွေကို ရန်ကုန်ကနေ သင်္ဘောနဲ့ သယ်ဆောင်လာတာဖြစ်ပြီး Army Rum နဲ့ Dagon Rum အမျိုးအစား အရက်ဖာပေါင်း ၃၀၀ လောက်၊ ကာလတန်ဖိုး ငွေကျပ် ၄၅ သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

တရားမဝင်သယ်ဆောင်လာတဲ့ အရက်တွေဟာ စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်မှာ နေထိုင်သူ ဒေါ်ခင်စောမြိုင် ပိုင်ဆိုင်တဲ့ အရက်တွေဖြစ်ပြီး အဲ့ဒီလိုင်စင်မဲ့အရက်တွေကို ဖမ်းဆီရမိတာနဲ့ ပတ်သက်လို့ အမှတ် ၂ နယ်မြေရဲစခန်းက ယစ်မျိုးပုဒ်မ ၃၀ (က) အရ အရေးယူးဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013