DVB Logo
Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင်ကို မြန်မာအာဏာပိုင် စစ်​ကြော​နေဟုဆို
DVB
·
September 6, 2011
Donate to DVB

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပဒိုမန်း​ငြိမ်း​ ​မောင်ကို မြန်မာအာဏာပိုင်​တွေက ဖမ်း​ဆီး​ထား​ပြီး​ ရန်ကုန် ​ရေကြည်အိုင် စစ်​ကြော ​ရေး​စခန်း​မှာ စစ်​ဆေး​နေတယ်လို့​ သတင်း​ရ​ကြောင်း​ သူ့​ဆွေမျိုး​တဦး​က ​ပြောပါတယ်။

မန်း​ငြိမ်း​ ​မောင်ဟာ ပြီး​ခဲ့​တဲ့​ ဇူလိုင်မှာ တရုတ်နိုင်ငံကို နှစ်ပတ်ကြာသွား​ပြီး​ ကူမင်း​ ​လေ​ကြောင်း​နဲ့​ ထိုင်း​နိုင်ငံကိုအပြန်မှာ ဗီဇာမရှိတာ​ကြောင့်​ နှစ်နိုင်ငံ အပြန်အလှန် ပို့​ဆောင်ခဲ့​ပြီး​ ဇူလိုင်လကုန်ပိုင်း​မှာ သူ့​ကို တရုတ်အာဏာပိုင်​တွေက မြန်မာနိုင်ငံကို ပို့​လိုက်တာလို့​ သူ့​ဆွေမျိုး​က ​ပြောပါတယ်။

မန်း​ငြိမ်း​မောင်ကို မြန်မာလူဝင်မှုကြီး​ကြပ်​ရေး​ရုံး​ကတဆင့်​ ​အောင်သ​ပြေ စစ်​ကြော​ရေး​၊​ မင်္ဂလာဒုံမြို့​နယ်ရဲစခန်း​၊​ စသည်ဖြင့်​ အဆင့်​ဆင့်​ပို့​ပြီး​နောက် ​နောက်ဆုံး​မှာ ​ရေကြည်အိုင် စစ်​ကြော​ရေး​ကို ​ရောက်သွား​တယ်လို့​ သိရ​ကြောင်း​ မန်း​ငြိမ်း​မောင်ရဲ့​ဆွေမျိုး​က ​ပြောပါတယ်။

ရေကြည်အိုင်မှာ စစ်​ကြောမှုကြမ်း​တမ်း​တဲ့​အတွက် အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့​ မန်း​ငြိမ်း​မောင်အတွက် စိုး​ရိမ်စရာဖြစ်​နေတယ်လို့​လည်း​ ​ပြောပါတယ်။

“သူ့​ကျ​တော့​ နိုင်ငံ​ရေး​နဲ့​နွှယ်တယ်ဆို​တော့​ အဲဒီမှာ ​ပေါ်သွား​မယ်ထင်တယ်။ အဲဒါ ​ကြောင့်​ အဆင့်​ဆင့်​ သူ့​ကိုပို့​တာက ပိုကြမ်း​တဲ့​ ​နေရာကိုပို့​ပြီး​တော့​ သတင်း​ပိုရဖို့​ လုပ်​နေ သလိုမျိုး​ ဖြစ်​နေမလား​။ ​ရေကြည်အိုင်က စစ်​ဆေး​မေး​မြန်း​လို့​ရှိရင် ပုံစံ​တော်​တော်ကို ရက်ရက်စက်စက် စစ်​ဆေး​မေး​မြန်း​တဲ့​နေရာ။ အဲဒါလည်း​ ကျ​နော်တို့​အတွက် အ​တော်ကို အစိုး​ရိမ်ဆုံး​ဖြစ်တယ်။ သူ့​မှာ အသက်လည်း​ကြီး​တဲ့​အပြင် ​ရောဂါလည်း​ရှိတယ်။ ကျန်း​မာ​ရေး​လည်း​ ​ကောင်း​တာမဟုတ်ဘူး​။ သူကဘယ်လိုနည်း​နဲ့​မှ အကြမ်း​ခံပြီး​တော့​ ​မေး​မယ့်​မေး​ခွန်း​တွေကို ရိုက်နှက်စစ်​ဆေး​တာ​တွေ ပုံစံအမျိုး​မျိုး​နဲ့​ အပြစ်​ပေး​ပြီး​တော့​ သတင်း​ထွက်လာ​အောင် ယူတာမျိုး​တော့​ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး​။ ဒီလူက ဒါမျိုး​ ဆို ​သေမှာပဲ။”

ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင် မန်း​ငြိမ်း​မောင်ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီ တပ်​ပေါင်း​စု တွဲဖက်အတွင်း​ရေး​မှူး​လည်း​ ဖြစ်ပါတယ်။

မန်း​ငြိမ်း​မောင်ဟာ မဆလ (မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီ) ​ခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ တသက်တကျွန်း​ ​ထောင်ဒဏ်ချမှတ်ခံရပြီး​ ကိုကိုး​ကျွန်း​မှာ အကျဉ်း​ကျဖူး​ပါတယ်။ အကျဉ်း​ကျ​ဖော်နှစ်ဦး​နဲ့​အတူ လက်ဖြစ်​လှေနဲ့​ ပင်လယ်ဖြတ်ပြီး​ ကိုကိုး​ကျွန်း​နဲ့​ မိုင် ၂၅၀ အကွာ မွန်ပြည်နယ်ကမ်း​ခြေကို လွတ်​မြောက်သွား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​လို့​ အင်း​စိန်​ထောင်မှာ ၃ နှစ်အကျဉ်း​ကျ တိုက်ပိတ်ခံခဲ့​ရပြီး​ ၁၉၇၃ ခုနှစ်မှာ လွတ်​မြောက်ခဲ့​ပါတယ်။

မန်း​ငြိမ်း​မောင်ဟာ မဆလ​ခေတ်မှာ အဖမ်း​ခံရတုန်း​က ​ရေကြည်အိုင် စစ်​ကြော​ရေး​စခန်း​မှာ နှိပ်စက်စစ်​ဆေး​ခံခဲ့​ရတဲ့​အ​ကြောင်း​ကို သူကိုယ်တိုင် ‘မုန်တိုင်း​ကို ဆန်၍ ပင်လယ်ကိုဖြတ်​သောအခါ’ ဆိုတဲ့​ စာအုပ်မှာ ထည့်​သွင်း​ရေသား​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013