ရေကြီးရေလျှံမှုကြောင့် သုံးထပ်အဆောက်အအုံ ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ရှီကျောင်းစီရင်စုနယ်မြေ၊ ယူလင်မြို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က ရုတ်တရက် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ချိန်မှာ သုံးထပ်အဆောက်အအုံတလုံးဟာ ကြောက်မက်ဖွယ်ပြိုကျခဲ့ပါတယ်။ အဲဒီဒေသတွင်းက မြစ်ချောင်းပေါင်းများစွာဟာ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရပြီး မြစ်ကမ်းပါးတလျှောက်က လူနေအိမ်ခြေတွေလည်း ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အခုပြိုကျခဲ့တဲ့ အဆောက်အအုံကတော့ အသစ်ဆောက်လုပ်ထားကာစ အဆောက်အအုံတခုဖြစ်ပြီး လူနေထိုင်ခြင်းမရှိသေးတဲ့အတွက် ပြိုကျချိန်မှာ ထိခိုက် ဒဏ်ရာရရှိသူတယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

//
More News
Up