A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ကုလအထူးအကြံပေးပုဂ္ဂိလ်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေ နမ်ဘီးယားနဲ့ တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကုလအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားဟာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တာဝန်ပေးခံထားရသူဖြစ်ပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေမှာ တောက်လျှောက် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးတဲ့နောက် ကုလ အထူးအကြံပေး ပုဂ္ဂိုလ်နဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up