DVB Logo
Home
မြန်မာသတင်း
တိုက်ကြီး-အင်းစိန် RBE ဘတ်စ်များ ပြေးဆွဲရန် စစ်တမ်းကောက်ယူ
DVB
·
May 25, 2016
တိုက်ကြီး-အင်းစိန် RBE ဘတ်စ်များ ပြေးဆွဲရန် စစ်တမ်းကောက်ယူ
1 / 4
Donate to DVB

တိုက်ကြီးမြို့နယ်အတွင်း ဝန်ထမ်းနဲ့ပြည်သူတွေ သွားလာလွယ်ကူပြီး ရုံးတက်ရုံးဆင်း အချိန်မီရေးအတွက် RBE (Rain way Engine Bus) တွေ တိုက်ကြီး-အင်းစိန် အစုန်အဆန် ပြေးဆွဲနိုင်ဖို့ ပြည်သူနဲ့ မီးရထားဝန်ထမ်းတွေ ဘယ်လောက်ရှိလဲဆိုတာ စစ်တမ်းကောက်ယူ နေပါတယ်။

မြန်မာမီးရထား အကြီးတန်းအရာရှိတွေ တိုက်ကြီးမြို့မှာ မြို့နယ်အထောက်အကူပြုအဖွဲ့နဲ့ မီးရထားဝန်ထမ်းတွေကို လာရောက်တွေ့ဆုံပြီး စစ်တန်းကောက်ယူကြောင်း ရန်ကုန်တိုင်း မီးရထားဝန်ကြီးဌာန လက်ထောက်တိုင်းတာဝန်ခံ ဦးညီညီလွင်က ပြောပါတယ်။

“ကျနော်တို့က တိုက်ကြီးမြို့က ဝန်ထမ်းတွေနဲ့ ပြည်သူတွေ မနက်ရုံးသွားချိန်နဲ့ ပြည်သူတွေ သွားလာရတာအဆင်ပြေဖို့ အဓိကထားပြီး စီစဉ်မှာပါ။ တိုက်ကြီးနဲ့ အင်းစိန်ကြားမှာရှိတဲ့ ဘူတာတွေမှာလည်း ရပ်မှာပါ။ အဲ့ဒီအတွက် မီးရထားဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ တိုက်ကြီးမြို့မှာရှိတဲ့ ပြည်သူတွေနဲ့ ဝန်ထမ်းဘယ်လောက်ရှိလဲ ဆိုတာကို လာစိစစ်ပြီး အချိန်လာညှိတာပါ။ ယာဉ်စီးခကိုလည်း မများစေရပါဘူး။ အရင်ဈေးနှုန်းတိုင်းပဲယူမှာပါ။ ပြီးရင် မီးရထားဝန်ကြီးကို အမြန်အကောင်အထည်ဖော်နိုင်အောင် ပြန်ပြီး တင်ပြသွားမှာပါ။”

တိုက်ကြီးမြို့မှာ ရထားစီးသူဦးရေတနေ့ကို ၂၅၀ လောက်ရှိပြီး ၀န်ထမ်းတွေနဲ့ ပြည်သူတွေ အစဆင်ပြေဖို့ အဓိကထားပြီး မြို့မှာရှိတဲ့ အဖွဲ့တွေနဲ့တိုင်ပင်ပြီး အခုလို မီးရထားဝန်ကြီးဌာနကို တင်ပြခဲ့တာပါလို့ တိုက်ကြီးမြို့ မီးရထားရုံး ရုံပိုင်ကြီး ဦးစိုးလင်းက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - မေသွယ် (ICJ)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013