DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
DVB
·
September 5, 2011
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
Donate to DVB

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ခြင်း ကောင်းကျိုးဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးဟောပြောပွဲတခုကို ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့ ကျင်းပပါတယ်။

[caption id="attachment_15149" align="alignright" width="310" caption="ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အဝေးမှ မြင်ရစဉ် (ဧရာဝတီ မြစ်ကမ်းတနေရာ)"][/caption]

ဒီမိုကရေစီကွန်ရက်မှာ ပါဝင်တဲ့ မိုးညှင်းနိုင်ငံသားကောင်းများ ကွန်ရက်အဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

ဆွေးနွေးပွဲမှာ ရန်ကုန်မြို့က ဗေဒါကျောင်း တည်ထောင်သူ ကိုမျိုးရန်နောင်သိန်းလည်း ဆွေးနွေး ဟောပြောခဲ့ပါတယ်။

ကိုမျိုးရန်နောင်သိန်းက “မြစ်ဆုံရေကာတာက အခုချိန်မှာ တားမယ်ဆိုရင် အချိန်မီသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ဆုံအတွက် ပန်ကြားလွှာ ထွက်ပေါ်လာပြီးတော့ လူထုကြားထဲမှာ ဒီကိစ္စက သိရှိမှု အရှိန်အဟုန် မြင့်လာခဲ့တယ်။ ဒီဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဒေသခံလူထုက အစောပိုင်းမှာ သေချာမသိဘူး။ ဘယ်လောက်ဆိုးကျိုးတွေ ဖြစ်ပေါ်မလဲ ဆိုတာကို သတိလက်လွတ် နေခဲ့ကြတယ်။ ကျနော်တို့ အဲဒီကိစ္စတွေ အဓိက ပြောပြခဲ့တယ်။ သိတဲ့အခါမှာ သူတို့တွေက အရမ်းကို အံအားသင့်ကြတယ်။ သူတို့တွေလည်း ပါဝင်မယ်။ ဒီကိစ္စက အမျိုးသားရေး ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် ပါဝင်လာမယ် ဆိုတာကို ပြောဆိုလာကြတယ်။”

ဆွေးနွေးဟောပြောပွဲကို ကချင်ပြည်နယ်မြို့နယ် အသီးသီးက တိုင်းရင်းသား ခေါင်းဆောင်တွေ၊  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ကချင်ပြည်နယ် လူမှုအဖွဲ့အစည်းတွေ အပါအ၀င် စုပေါင်း လူဦရေ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဟောပြောပွဲအပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ဧရာဝတီအတွက် ပန်ကြားချက်’ကို ဖြန့်ဝေခဲ့သလို ဧရာဝတီမြစ် ကာကွယ်ရေး အတွက် လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးအတွက် ပြည်သူလုထုရဲ့ အသံကနေ လွှတ်တော်ရောက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံကြီး ပေါ်ထွန်းလာတယ်ဆိုတာ ဧရာဝတီ မိခင်မြစ်မကြီးကြောင့် ပေါ်ထွန်းလာတာပါ။ ဧရာဝတီ ပျက်စီးစေမယ့် အရေးသည် တမျိုးသားလုံး အရေးဖြစ်လို့ လက်ရှိအစိုးရအနေနဲ့ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်တဲ့ ကိစ္စတွေမှာ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီးမှ ဆုံးဖြတ်ဖို့ လိုပါတယ်။”

“သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရပ်သား အစိုးရလည်း ဖြစ်တယ်။ ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ဆိုထားပါတယ်။ အဲဒါကြောင့် ပြည်သူ့အသံကို နားထောင်ပါလို့ တိုက်တွန်းလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013