DVB Logo
Home
မြန်မာသတင်း
အောင်တံခွန်သင်္ဘော ပုဏ္ဏားကျွန်းအ၀င်တွင် ကမ်းပေါ်ထိုးတက်
DVB
·
May 24, 2016
အောင်တံခွန်သင်္ဘော ပုဏ္ဏားကျွန်းအ၀င်တွင် ကမ်းပေါ်ထိုးတက်
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ စစ်တွေမြို့ကို ခုတ်မောင်းလာတဲ့ အောင်တံခွန်အမှတ် (၂) သင်္ဘောဟာ မေလ ၂၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့အဝင်မှာ ကမ်းပါးပေါ် ထိုးတင်သွားခဲ့ ပါတယ်။

အောင်တံခွန်အမှတ် (၂) သင်္ဘောဟာ ပုဏ္ဏားကျွန်းမြို့အဝင်မှာ အရှိန်ပြင်းပြင်းနဲ့ သင်္ဘော ကို ကွေ့လိုက်တဲ့အတွက် သင်္ဘောအပေါ်ပိုင်းတ၀က် ကမ်းပါးပေါ်ကို ထိုးတက်သွားခဲ့ပါတာ။

ဒါပေမယ့် သင်္ဘောပေါ်မှာ ပါလာတဲ့ခရီးသည်တွေ တစုံတရာထိခိုက်ဒဏ်ရာရတာ မရှိဘဲ ဘေးကင်းရာ ပုဏ္ဏားကျွန်း တဖက်ကမ်းကို စက်လှေသမားတွေက ပို့ဆောင်လိုက်တယ်လို့ ရခိုင်အမျိုးသားပါတီက ပုဏ္ဏားကျွန်းမြို့နယ် ဒုဥက္ကဋ္ဌ စံရွှေကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ခရီးသည်တွေက ဘာမှမဖြစ်ဘူးခင်ဗျ။ အားလုံးကို ကယ်တင်နိုင်လိုက်တယ်။ သင်္ဘောက မြောက်ဦးကအလာ ပုဏ္ဏားကျွန်းမြို့အဝင်မှာ အချိန်ပြင်းပြင်း ကွေ့လိုက်လို့ ကမ်းကို သောင်တင် သွားတာပေါ့လေ။ အခြားသဘောင်္တွေလည်း နှစ်ပေါင်းများစွာ ဝင်ထွက်နေကြတာပဲ။ ဘာမှ မဖြစ်ဘူး။ သဘောင်္ကို လှည့်လိုက်ရာကနေ ပိုင်းလော့ရဲ့ကျွမ်းကျင်းမှုအားနည်းချက်ကြောင့် ဖြစ်တယ်လို့ ပြောရမှာပဲ”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မှ စက်လှေသမားများ သွားရောက်ပြီး ခရီးသည်များ ကယ်ဆယ်ခဲ့ပြီး စက်လှေသမားများ သင်္ဘောအောက်ပိုင်းကို ဝင်ရောက်ပြီ ရေများစုပ်ထုတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ခရီးသည်တွေကိုတော့ ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေကို ကားနဲ့ ပို့ဆောင်ခဲ့ရပါတယ်။

သင်္ဘောအား ငှားရမ်းလုပ်ပိုင်ခွင့်ရထားတဲ့ ရက္ခတိအားမာန် သင်္ဘောကုမ္ပဏီမှ ဒါရိုက်တာ ဦးချစ်မင်းက “ခရီးသည်တွေ ဘာမှမဖြစ်ဘူးဗျ။ အဲ့ဒီနားမှာ ရေးစီးကြောင့် အရမ်းသန်တယ်လို့ သင်္ဘောအကွေ့ ဖြစ်သွားတာပါ။ ပုဏ္ဏားကျွန်းမြို့စက်လှေသမားတွေက လာရောက်ကူညီပေးလို့ အားလုံး အဆင်ပြေသွားပါတယ်။ အခုခရီးသည်တွေကားနဲ့ စစ်တွေကို ပို့လိုက်ပြီးခင်ဗျ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ် ၁၃ ရက်နေ့မှာ အောင်တံခွန်အမှတ် (၃) သင်္ဘော ကျောက်ဖြူကနေ စစ်တွေကိုအလာမှာ နစ်မြှုပ်မှုကြောင့် ခရီးသည် ၂၀၀ ကျော် သေဆုံးခဲ့ ရပါတယ်။

(သတင်း - ဝဏ္ဏခွာညို စံရွှေကျော်)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013