DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ ဒီမိုက​ရေစီ​နေ့​ ​နေပြည်​တော်တွင် ပထမဆုံး​ ကျင်း​ပမည်
DVB
·
September 5, 2011
နိုင်ငံတကာ ဒီမိုက​ရေစီ​နေ့​ ​နေပြည်​တော်တွင် ပထမဆုံး​ ကျင်း​ပမည်
Donate to DVB

ဒီလ ၁၅ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ နိုင်ငံတကာ ဒီမိုက​ရေစီ​နေ့​ (International Day of Democracy) အခမ်း​အနား​ကို အစိုး​ရ ရုံး​စိုက်ရာ ​နေပြည်​တော်မှာ ပထမဆုံး​ စတင်ကျင်း​ပ​တော့​မှာပါ။

ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ နိုင်ငံတကာဒီမိုက​ရေစီ​နေ့​နဲ့​ ပတ်သက်တဲ့​ အဆို​တွေနဲ့​ သဝဏ်လွှာ​တွေကို ထုတ်ပြန်ဖို့​လည်း​ရှိပြီး​ အခမ်း​အနား​တက်ဖို့​ ပြည်တွင်း​ပြည်ပသတင်း​သမား​တွေကို ဖိတ်ကြား​ထား​တယ်လို့​ မြန်မာနိုင်ငံ စာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ​ပြောပါတယ်။

“မြန်မာနိုင်ငံက ဒီမိုက​ရေစီ နိုင်ငံဖြစ်သွား​ပြီ ဆိုတဲ့​အတွက်​ကြောင့်​ နိုင်ငံတကာမှာလုပ်​နေတဲ့​ ဒီမိုက​ရေစီ​နေ့​မှာလည်း​ မြန်မာက ဆက်လုပ်မှာ​ပေါ့​။ ပထမဦး​ဆုံး​အကြိမ်လုပ်မယ်။ လွှတ်​တော်မှာလုပ်မယ်။ မီဒီယာ​တွေကို ဖိတ်ထား​တယ်။ လွှတ်​တော်ကို ဖိတ်ထား​သလိုပဲ။ အများ​ကြီး​ဖိတ်ထား​တယ်။ တက်ချင်တဲ့​သူ​တွေ စာရင်း​ပေး​ဆို​တော့​ မြန်မာနိုင်ငံကို ဒီမိုက​ရေစီ နိုင်ငံအဖြစ်နဲ့​ အစိုး​ရက ယူဆလိုက်တဲ့​ သ​ဘောလို့​ ထင်တာပဲ။”

နိုင်ငံတကာ ဒီမိုက​ရေစီ​နေ့​ အခမ်း​အနား​တွေကို ဒီမိုက​ရေစီစနစ် ကျင့်​သုံး​တဲ့​ ကမ္ဘာနိုင်ငံ အသီး​သီး​မှာ ၂၀၀၈ ခုနှစ်က စတင်ကျင်း​ပတာဖြစ်ပြီး​ အစိုး​ရအဖွဲ့​နဲ့​ လွှတ်​တော်​တွေက ဒီမိုက​ရေစီစနစ် ဖွံ့​ဖြိုး​တိုး​တက်လာမှု​တွေနဲ့​ပတ်သက်တဲ့​ သဝဏ်လွှာတွေ အပြန်လှန်ထုတ်ပြန် အသိ​ပေး​ကြတဲ့​ လှုပ်ရှား​မှု​တွေကို ပြုလုပ်​လေ့​ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013