Home
မြန်မာသတင်း
မိုးသည်းထန်စွာသွန်းမှုကြောင့် မြန်အောင်မြို့နယ်တွင် လမ်းတံတားများ ပျက်စီး
DVB
·
May 24, 2016
13296219_982137338571613_395520281_n
13293153_982137345238279_1879244120_n
13293002_982137318571615_844194974_n
13281838_982137325238281_2001236537_n
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတဲ့အတွက် လမ်းတံတားတွေပေါ် ရေကျော်ကာ လမ်းမတွေနဲ့တံတားအချို့ ပျက်စီးခဲ့ပါ တယ်။ အခုလို လမ်းတံတားတွေပေါ် ရေကျော်တဲ့အတွက် ဟင်္သာတ-ကြံခင်း အဝေးပြေးလမ်းပေါ်မှာ ရှိတဲ့ ကညင်ငူရွာသစ်ရွာအဝင် လမ်းမ ပျက်စီးခဲ့သလို အင်ပင်ကျေးရွာ အဝင် ကြာနီကန် ချောင်းတံတားအနီး  အဝေးပြေးလမ်းမလည်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အင်ပင်ကျေးရွာနဲ့ ကနောင်ကျေးရွာ တို့ကို ဆက်သွယ်ထားတဲ့ အင်ပင်-ကနောင်လမ်းပေါ်ရှိ တံတားနဲ့ အင်ပင်၊ ရွှေပြည်သာနဲ့ ဒေါင်းကျရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။ အခုလို လမ်းတံတားတွေပေါ် ရေကျော်ကာ ပျက်စီးရတာဟာ မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့ တောင်ကျရေ ဆင်းလာတာကြောင့် ဖြစ်ပြီး  အရင်နှစ်တွေကလည်း ခုနေရာတွေရေကျော်ပေမယ့် ပျက်စီးမှုက အခုလောက်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ (သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024