DVB Logo
Home
မြန်မာသတင်း
ပရဟိတ အသင်း​​ပေါင်း​စုံ​ ​နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ်
DVB
·
September 3, 2011
Donate to DVB

ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်သောအဖွဲ့ အန်ဂျီအိုတွေ၊ လူမှုရေးအသင်းအဖွဲ့ပေါင်း ခုနှစ်ရာကျော်က ကိုယ်စားလှယ်ပေါင်း သုံးထောင်လောက်တက်ရောက်တဲ့ ပရဟိတ အသင်းပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ရွှေပြည်သာ မေတ္တာရှင်ဘုန်းကြီးကျောင်းဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ပြည်နယ်တိုင်း အသီးသီးက လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ကြပြီး အတွေ့အကြုံတွေ ပြောပြကြပြီး အပြန်အလှန်ကူညီနိုင်ကြဖို့ ပြုလုပ်တာလို့ နှီးနှောဖလှယ်ပွဲတက်ခဲ့တဲ့ သတင်းစာဆရာ မောင်ဝံသက ပြောပြပါတယ်။

“ပရဟိတလုပ်ငန်းဆိုတာ အင်မတန် မွန်မြတ်တယ်ပေါ့ဗျာ။ အဲတော့ အခုလို ပရဟိတအသင်းတွေ အကြီးရော၊ အငယ်၊ အလတ်ပါ အကုန်လုံး စုပေါင်းပြီး စည်းဝေးလုပ်ပြီးတော့ ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူအညီတွေ ပေးဖို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဲလို လုပ်ကြတာကို အင်မတန် ကောင်းတယ်ပေါ့ဗျာ။ ဒါကို ပိုပြီးတော့ စနစ်တကျနဲ့ နှီးနှောဖလှယ်ပွဲတွေ လုပ်ခြင်းအားဖြင့် နည်းလမ်းတွေ ပိုပြီးတော့ ပေါ်လာမယ်ပေါ့ဗျာ။ အခုဟာက နာရေးကူညီမှု အသင်းတွေ များတယ်။ နယ်တွေ အသီးသီးမှာ ရှိတာကိုး။ သူတို့လိုတာကို ဒီဘက်က ဖြည့်စည်းပေးမယ်။ ဒီဘက်ကလိုတာကို ဟိုဘက်က ပြန်ဖြည့်ဆည်းပေးပေါ့။ အပြန်အလှန်ပေါ့။”

ပရဟိတအသင်းတွေ နှီးနှောဖလှယ်ပွဲကို ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဆရာတော်ဦးသုမင်္ဂလက ကြီးမှူးကျင်းပပြီး သောကြာ၊ စနေ နှစ်ရက် ကျင်းပခဲ့ပါတယ်။

ပရဟိတအသင်းပေါင်းစုံညီ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်နိုင်အောင် ဆရာတော်ဟာ ထောင့်စေ့အောင် ဆောင်ရွက်ပေးထားတယ်လို့လည်း မောင်ဝံသက ဆိုပါတယ်။

ဒီလို ပွဲမျိုးကျင်းပနိုင်တာ ပထမဆုံအကြိမ်လို့ ပြောရမှာ ဖြစ်ပြီး ကြီးမှူးကျင်းပတဲ့ ဆရာတော်ဦးသုမင်္ဂလနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပေမယ့် ဆရာတော်က နှီးနှောဖလှယ်ပွဲထဲ ရောက်နေတဲ့အတွက် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013