A d v e r t i s e m e n t With Us

တက္ကသိုလ်​ကျောင်း​သူတဦး​ အင်း​စိန်​ထောင်တွင် အဖမ်း​ခံထား​ရ

အသက် (၂၀) အရွယ် တက္ကသိုလ်​ကျောင်း​သူတ​ယောက်ကို ​ငွေသိန်း​ချီ ခိုး​တယ်လို့​ စွပ်စွဲပြီး​ အင်း​စိန်​ထောင်မှာ ဖမ်း​ဆီး​ထား​တယ်လို့​ မိသား​စုတဦး​နဲ့​ နီး​စပ်သူတ​ယောက်က ​ပြောပါတယ်။ ရန်ကုန်တိုင်း​၊​ ​မြောက်ဥက္ကလာပ ၂ ရက်ကွက်မှာ​နေတဲ့​ ဒဂုံတက္ကသိုလ်က ရုက္ခ​ဗေဒ ပထမနှစ် ​ကျောင်း​သူကို တရပ်ကွက်တည်း​နေတဲ့​ အမျိုး​သမီး​တဦး​က ကျပ်​ငွေ ၇ သိန်း​ ခိုး​တယ်လို့​ စွပ်စွဲပြီး​နောက် ​မြောက်ဥက္ကလာ ရဲစခန်း​က ပြီး​ခဲ့​တဲ့​လ ၁၄ ရက်​နေ့​မှာ အိမ်က​နေ ဖမ်း​ခေါ်သွား​တာလို့​ ဆိုပါတယ်။ အခု​နောက်ဆုံး​ အင်း​စိန်​ထောင်ကို မ​ရောက်ခင်မှာ ​မြောက်ဥက္ကလာ ရဲစခန်း​နဲ့​ မြို့​တွင်း​က ရုံး​တရုံး​မှာ ၅ ရက် ဆက်တိုက် စစ်​ဆေး​ခဲ့​ပြီး​ ဝန်ခံခိုင်း​သလို၊​ ကာယိ​နြေ္ဒပျက်​လောက်​အောင် ​ပြောဆိုစစ်​ဆေး​ခဲ့​တယ်လို့​ ဆိုပါတယ်။ “၆ ထပ်ရုံး​မှာ ၃ ရက် ​နေ့​ရော ည​ရော စစ်ကြတယ်တဲ့​။ အဲဒီ​ကောင်မ​လေး​ကို ဝန်ခံခိုင်း​တယ် အတင်း​ပဲ။ ​ကောင်မ​လေး​က မခိုး​တဲ့​အတွက် သူ ဝန်မခံနိုင်ဘူး​လို့​ အတင်း​ငြင်း​တော့​ ဒု-ရဲအုပ် ၆ ​ယောက် ဝိုင်း​စစ်တယ်တဲ့​။ စစ်ပြီး​တော့​ နင်က ​တော်​တော် ​ခေါင်း​မာတယ်တဲ့​။ ၃ ရက်ဆက်တိုက် စစ်တာ​တောင်မှ မျက်နာ​လေး​ပဲ နည်း​နည်း​ချောင်တယ်တဲ့​။ ခန္ဓာကိုယ်က​တော့​ ရှယ်ပဲတဲ့​ လုံး​ဝ မကျဘူး​တဲ့​။ ​နောက် တ​ယောက်ကကျ​တော့​ နင်တဲ့​ ဒီအမှုမှာ ရှုံး​ရမယ်တဲ့​။ တကယ်လို့​ နင်ရှုံး​ရင် နင် ငါ့​ကို ယူရမယ်တဲ့​။ တကယ်လို့​ နင်နိုင်ရင် နင့်​ကို ငါယူမယ်တဲ့​။ အဲဒီလို​တွေလည်း​ ရဲ​တွေက ​ပြောတာ​ပေါ့​။” မကြာခင်က သမီး​နဲ့​တွေ့​ခွင့်​ရခဲ့​တဲ့​ ဖခင်ဖြစ်သူကို ကိုး​ကား​ပြီး​ အိမ်နီး​ချင်း​က ​ပြောပြသွား​တာပါ။ ဒီ​ပြောဆိုချက်​တွေအ​ပေါ် ​မေး​မြန်း​ဖို့​ ​မြောက်ဥက္ကလာရဲစခန်း​ကို ဖုန်း​ခေါ်လို့​ မရတဲ့​အတွက် ရန်ကုန် အ​ရှေ့​ပိုင်း​ခရိုင် ရဲတပ်ဖွဲ့​မှူး​ရုံး​ကို ​မေး​မြန်း​ရာ လူကိုယ်တိုင် လာ​ရောက်​မေး​မြန်း​ပါလို့​သာ အ​ဖြေ​ပေး​ပါတယ်။ လာမယ့်​ ၈ ရက်​နေ့​မှာ အမှုကို အင်း​စိန်​ထောင်တွင်း​တရား​ရုံး​မှာ ရုံး​ထုတ်မှာဖြစ်ပြီး​ ​ကျောင်း​သူဘက်က စာနာသူ တချို့​ကလည်း​ သက်​သေလိုက်​ပေး​ဖို့​ ပြင်ဆင်​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up