A d v e r t i s e m e n t With Us

ရွှေညဝါဆရာ​တော်၏ တရား​ပွဲ ပျက်

သာသနာ​တော်ထွန်း​ကား​ပြန့်​ပွား​ရေး​ ဦး​စီး​ဌာနပိုင် ဗိမာန်မှာ ​ဟော​ပြောမယ့်​ ​ရွှေညဝါဆရာ​တော် အရှင်ပညာသီဟရဲ့​တရား​ပွဲကို ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက ပိတ်ပင်လိုက်ပါတယ်။ ရန်ကုန်တိုင်း​ မရမ်း​ကုန်း​မြို့​နယ်က ဇမ္ဘူသီရိဗိမာန်မှာ စက်တင်ဘာ ၁ ရက်နဲ့​ ၂ ရက်မှာ အထူး​ဓမ္မသဘင်အဖြစ် ​ဟောကြား​ဖို့​ စီစဉ်​ကြေညာထား​တာပါ။ စစ်အစိုး​ရက ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၁ ရက်က​နေ တနှစ်တိတိ ပြည်တွင်း​တရား​ ​ဟောခွင့်​မရှိလို့​ ပိတ်ပင်ထား​ခဲ့​ပါတယ်။ အခုအစိုး​ရသစ်လက်ထက်မှာ ဒကာ​တွေက သာသ နာ​ရေး​ဝန်ကြီး​ဌာနက ဗိုလ်မှူး​တဦး​ရဲ့​ ခွင့်​ပြုချက်ရလို့​ တရား​ပွဲနီး​မှ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာ နက ပိတ်ပင်လိုက်တာလို့​ သိရ​ကြောင်း​ ဆရာ​တော်က မိန့်​ပါတယ်။ တရား​ဟောခွင့်​ကို ပိတ်ပင်ခဲ့​တာဟာ စစ်အစိုး​ရလက်ထက်ကဖြစ်လို့​ အခု အစိုး​ရ​ပြောင်း​လဲသွား​ပြီဖြစ်လို့​ ဒီပိတ်ပင်ချက်ကိုလည်း​ ရုပ်သိမ်း​သွား​နိုင်တယ်မဟုတ် လား​လို့​ ​မေး​မြန်း​လျှောက်ထား​တော့​ ဆရာ​တော်က ရယ်ပါတယ်။ “ခင်ဗျား​ ရယ်စရာ ​တော်​တော်​ပြောတာပဲ၊​ ကျုပ် အူထဲမှာ​ပေါက်သွား​လို့​ပါ၊​ ခင်ဗျား​ ​မေး​တဲ့​မေး​ခွန်း​ကို။ ကျုပ် ရယ်​နေတယ်လို့​ ​ပြောလိုက်။” အထူး​ဓမ္မသဘင်မှာ ငြိမ်း​ချမ်း​ရေး​တရား​ ​ဟော​ပြောဖို့​ စီစဉ်ထား​တာပါလို့​လည်း​ ဆရာ​တော်က မိန့်​ကြား​ပါတယ်။ “ငြိမ်း​ချမ်း​ရေး​တရား​တော်နဲ့​ ရန်မဖြစ်ကြပါနဲ့​တရား​တော်ဆိုတာ ​ဟောဖို့​ပါ။ ဘယ်သူ၊​ ဘယ်ဝါ၊​ ဘယ်အဖွဲ့​အစည်း​၊​ ဘယ်ပုဂ္ဂိုလ်မှ မထိခိုက်မနစ်နာ၊​ မပုတ်ခတ်ဘဲနဲ့​ ကိုယ့်​ဗမာ ပြည်ကြီး​ လုံခြုံငြိမ်း​ချမ်း​သာယာတဲ့​ နိုင်ငံ​တော်ကြီး​ဖြစ်​အောင် ကျုပ်တို့​ရဲ့​ ပါး​စပ် တာဝန် ​လေး​က တစိတ်တပိုင်း​ပဲ ​ကျေတယ်လို့​ရှိရှိ၊​ ကျုပ်တို့​ တရား​ဟောနည်း​လမ်း​အရ ​ပြောပြမလို့​ပါ။ ရန်ဖြစ်တယ်ဆိုတာဟာ ဘယ်ဘုရား​ကမှ ​ကောင်း​ကျိုး​ပေး​တယ်လို့​ မ​ဟောခဲ့​ပါဘူး​။ မညီညွတ်ခြင်း​သည် ဆိုး​ကျိုး​ကိုသာ ​ဘေး​ဖြစ်​စေတယ်။ ဒါ​ကြောင့်​ အား​လုံး​ ညီညွတ်ကြပါ။ ဒါ​ကြောင့်​ ငြိမ်း​ချမ်း​စွာ ​နေထိုင်လိုတဲ့​ သူတိုင်း​ဟာ ညီညွတ်ဖို့​ လိုပါတယ်လို့​ ဒီတရား​လေး​ ​ဟောဖို့​ပါ။ “ကျုပ်တို့​ထက် အသက်၊​ သိက္ခာ၊​ ဂုဏ်ဝါ၊​ ပညာ အရာရာအစစ ကြီး​မား​ထည်ဝါတဲ့​ ဆရာ​တော်ဘုရား​ကြီး​တွေလည်း​ မြန်မာပြည်ကြီး​ ငြိမ်း​ချမ်း​သာယာ ​ဘေး​ကင်း​လုံခြုံတဲ့​ တိုင်း​ပြည်ဖြစ်​အောင် ​မေတ္တာပို့​သ ပွား​များ​ပြီး​တော့​ ကျင့်​ဆောင် ​ဟော​ပြော​ပေး​ကြပါလို့​လည်း​ အဲဒီတရား​ပွဲမှာ ​မေတ္တာရပ်ခံ ကျိုး​နွံစွာ ရိုရို​သေ​သေနဲ့​ ​လျှောက်ထား​ဖို့​ စကား​လေး​လည်း​ ​ပြောဖို့​အစီအစဉ်ရှိပါတယ်။” ဗုဒ္ဒဘာသာဝင်အများ​စုရှိတဲ့​ မြန်မာနိုင်ငံမှာ တရား​ဟော​ပြောခွင့်​ လွတ်လပ်မှုမရှိဘဲ အာဏာပိုင်ထံမှာ ခွင့်​ပြုချက်​တောင်း​ခံရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ဘာသာ​ရေး​လွပ်လပ်ခွင့်​ အချိုး​ဖောက်ဆုံး​ နိုင်ငံစာရင်း​ဝင်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up