A d v e r t i s e m e n t With Us

ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​အတွက် အခွန်​လျှော့​ချရန် သမ္မတထံ တင်ပြ

ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​တွေကို အခွန်​လျှော့​ချ​ကောက်ခံဖို့​ အပါအဝင် ခရီး​သွား​လုပ်ငန်း​တိုး​တက်​ရေး​ လိုအပ်ချက်​တွေကို လုပ်ငန်း​ရှင်​တွေ စု​ပေါင်း​ပြီး​ သမ္မတကို စာ​ရေး​တင်ပြထား​တယ်လို့​ သိရပါတယ်။ အ​မေရိကန်​ဒေါ်လာ ​ဈေး​ကျ​နေလို့​ အရှုံး​ပေါ်​နေတဲ့​ ခရီး​သွား​လုပ်ငန်း​ တိုး​တက်ဖို့​ ​တောင်း​ဆိုထား​တဲ့​ အချက်တချို့​ကို ရန်ကုန်က ခရီး​သွား​လုပ်ငန်း​ရှင်တဦး​က ​ပြောပြပါတယ်။ ဒီ့​ပြင်လုပ်ငန်း​တွေကို ၂ ရာခိုင်နှုန်း​အထိ အခွန်​လျှော့​ပေမယ့်​ ခရီး​သွား​လုပ်ငန်း​ မပါ​သေး​တာ၊​ ပို့​ဆောင်​ရေး​၊​ ခရီး​သွား​လုပ်ငန်း​ ဝန်​ဆောင်​နေသူ​တွေအတွက် သင်တန်း​ပေး​ရေး​ စတဲ့​ကိစ္စ​တွေကို တင်ပြထား​တယ်လို့​ အဲဒီလုပ်ငန်း​ရှင်က ​ပြောပါတယ်။ “​ကျောင်း​ကောင်း​ကောင်း​မှ မရှိတာ။ ရှိတဲ့​ကျောင်း​တွေကလည်း​ နိုင်ငံခြား​သွား​မယ့်​ သူ​တွေအတွက်ပဲ လုပ်​နေတာကိုး​။ လုပ်တတ်ကိုင်တတ်တဲ့​သူဆိုတာ ​တော်​တော်ကို ရှား​သွား​ပြီ၊​ guide (ဧည့်​လမ်း​ညွှန်) သင်တန်း​လောက်နဲ့​လည်း​ မဖြစ်ဘူး​လေ။ ၂၀ ရာခိုင်နှုန်း​၊​ ၃၀ ရာခိုင်နှုန်း​လောက် အရှုံး​ပေါ်​နေတယ်ဆိုတာ သိ​အောင်​တော့​ ​ပြောပြထား​ တယ်​လေ။” လက်ရှိမှာ ခရီး​သွား​လုပ်ငန်း​ရှင်​တွေကို စုစု​ပေါင်း​ဝင်​ငွေရဲ့​ ၇ ရာခိုင်နှုန်း​ အခွန်​ကောက်​နေတာပါ။ ခရီး​သွား​လုပ်ငန်း​မှာ လုပ်ငန်း​ကျွမ်း​ကျင်တဲ့​သူ​တွေ မရှိတာဟာ အခက်အခဲတခု ဖြစ်​နေပြီး​ မြန်မာပြည်က ဟိုတယ်​တွေ ဝန်​ဆောင်မှု မ​ကောင်း​ဘူး​ဆိုတဲ့​ ရလဒ်​တွေ ထွက်​ပေါ်​နေတယ်လို့​ ဟိုတယ်သင်တန်း​ကျောင်း​ဆရာတဦး​က ​ပြောပါတယ်။ အဓိကအ ​ကြောင်း​ရင်း​က​တော့​ ဟိုတယ်ဝန်ထမ်း​တွေက ဒူဘိုင်း​တို့​၊​ ကာတာ စတဲ့​နိုင်ငံ​တွေကို ထွက်သွား​တာ​ကြောင့်​ဖြစ်ပြီး​ ပြည်တွင်း​မှာ လုပ်ငန်း​ကျွမ်း​ကျင်သူ နည်း​နေပြီလို့​လည်း​ ဆိုပါတယ်။ “ကျွမ်း​ကျင်သူ​တွေ အကုန်လုံး​က အဲလိုပဲထွက်ပြီး​ ဟိုမှာသွား​ အလုပ်လုပ်​နေကြ တယ်။ ဒီမှာ လက်ရှိက​တော့​ လက်ပူတိုက်ပြီး​တော့​ သင်ပြီး​တော့​ သုံး​နေကြရတာပဲ​လေ။” လက်ရှိ ​ဒေါ်လာ​ပေါက်​ဈေး​၊​ ဟိုတယ်ခနဲ့​ ပြည်တွင်း​ခရီး​စရိတ်​တွေ တက်​နေတာ၊​ ရန်ကုန်၊​ မန္တ​လေး​ စတဲ့​မြို့​ကြီး​တွေမှာ ဟိုတယ်ခန်း​ မလုံ​လောက်တာ​တွေ​ကြောင့်​ လာမယ့်​အောက်တိုဘာမှာ စတင်မယ့်​ ခရီး​သွား​ရာသီမှာ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ရုန်း​ကန်ရမယ့်​ အ​နေအထား​ပါ။ အစိုး​ရက​တော့​ ဒီနှစ်ထဲ ကမ္ဘာလှည့်​ခရီး​သည် ငါး​သိန်း​လောက် လာ​ရောက်မယ်လို့​ ​မျှော်မှန်း​ ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up