DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးတွင် ကလေးငယ် မောင်နှမ ၄ ဦး ဓာတ်လိုက်သေဆုံး
DVB
·
May 20, 2016
စဥ့်ကူးတွင် ကလေးငယ်  မောင်နှမ ၄ ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးငယ်တွေရဲ့ နာရေးကို လိုက်ပါကူညီပေးခဲ့တဲ့ စဉ်ကူးမြို့ ကလျာဏ လူမှုကူညီရေးအသင်း အတွင်းရေးမှူးက “သူက ဓာတ်ကြိုးကနေပြီးတော့မှ တအိမ်ကို ဆွဲထားတဲ့ဟာကို သူက ဓာတ်ကြိုးက ပေါက်တာတို့ဘာတို တခုခုဖြစ်ပါလိမ့်မယ်။ ကျပြီးတော့မှ အဲဒီခြံက သံဇကာ ကာထားတဲ့ခြံ၊ အဲဒီခြံမှာ နည်းနည်းပါးပါးညှိနေတာ ဖြစ်ပါလိမ့်မယ်။ ကလေးတွေက အဲဒီခြံက သူ့အိမ်နဲ့ကပ်လျက်ပဲဆိုတော့ အဲဒီခြံဘေးမှာ သရက်သီးသွား ကောက်တယ်လို့ ပြောတယ်။ အငယ်ဆုံးလေးက သွားကောက်တော့ အဲလိုဖြစ်တော့ တယောက်တယောက်သွား ကူကြရင်းနဲ့ ၄ ယောက်စလုံး အဲလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ မောင်နှစ်မ၀မ်းခွဲတွေဖြစ်ပြီး အငယ်ဆုံးကလေးက ၄ နှစ်ရှိပြီး အကြီးဆုံးကတော့ ၈ နှစ်နဲ့  စတုတ္တတန်းတက်ရမယ်လို့ လည်း ပြောပါတယ်။

“သူတို့က အမေညီမ နှစ်ယောက်စီ မွေးထားတာ။ ၄ ယောက်မှာ ၂ ယောက်အရင်းတွေပေါ့။ မောင်နှမတွေပဲပေါ့နော်။ ယောကျာ်းလေး ၁ ယောက် မိန်းကလေး ၃ ယောက်ပါ။ ”

စဥ့်ကူးရဲစခန်းကလည်း ဒီဖြစ်စဉ်ကို အတည်ပြုပြောဆိုပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ တာဝန်ကျရဲမှူးက ပြောပါတယ်။

“ကြိုးက ဘယ်နေ့ဘယ်အချိန်ကနေပြီးတော့ သူတို့အိမ်ဝင်းကာထားတဲ့ သံဇကာကွက်ကျားတွေ ပေါ် ပြုတ်ကျနေတာ။ ကျနေတာကို ကလေးတွေကလည်း မသိဘူးလေ။ ဘယ်သူမှမသိကြတော့ ကလေးတွေကလည်း သရက်သီးသွားကောက်ကြရင်းနဲ့ မိုးရွာနေတာနဲ့ သံဇကာ သွားကိုင်တာနဲ့ ဓာတ်လိုက်သွားတာ။”

ဓာတ်ကြိုးကျလို့ ကလေးငယ်တွေ သေဆုံးရတာနဲ့ပတ်သက်လို တာဝန်ကျ ရဲအရာရှိတွေက အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013