DVB Logo
Home
မြန်မာသတင်း
ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန်
DVB
·
September 2, 2011
ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန်
Donate to DVB

ကြိုး​နီစနစ်​တွေ တိုက်ဖျက်မယ်လို့​ ​ကြွေး​ကြော်ထား​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီမှာ အထက်​အောက်ချုပ်ကိုင်မှု (ကြိုး​နီစနစ်) လွန်ကဲ​နေတဲ့​အ​ပေါ် လွှတ်​တော် ကိုယ်စား​လှယ်​တွေနဲ့​ နိုင်ငံ​ရေး​ ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်လိုက်ကြပါတယ်။

[caption id="attachment_15079" align="alignright" width="310" caption="၂၀၁၀ ​ရွေးကောက်ပွဲအတွင်း​ ကြံ့​ခိုင်​ရေးပါတီ စည်းရုံးရေး​ ဆင်းစဉ်"][/caption]

လွှတ်​တော်တွင်း​ မဲခွဲဆုံး​ဖြတ်တဲ့​အခါတိုင်း​မှာ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေ သ​ဘောထား​ ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း​ ဆန္ဒမဲ​ပေး​နေတာ၊​ ပါတီဝင် ကိုယ်စား​လှယ် အချင်း​ချင်း​ အဆို​တွေကို ကန့်​ကွက်​ဆွေး​နွေး​မှု မရှိတာ စတဲ့​အချက်​တွေကို ​ထောက်ပြပြီး​ ​ဝေဖန်ထား​ကြတာပါ။

ဒါ့​အပြင် ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေကို အခြား​ တိုင်း​ရင်း​သား​ပါတီ ကိုယ်စား​လှယ်​တွေက ​ဒေသဆိုင်ရာ အကျိုး​စီး​ပွား​တွေအတွက် တူညီတာ​တွေကို တွဲဖက်ပြီး​ အဆိုနဲ့​ ​မေး​ခွန်း​တွေ တင်သွင်း​တာမျိုး​တွေ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ ကမ်း​လှမ်း​ချက်​တွေကိုပါ လက်မခံကြတာပါလို့​ အစည်း​အ​ဝေး​ တက်​နေတဲ့​ ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

“အထက်က ခွင့်​ပြုချက် မရှိရင် ဘာမှ လုပ်ရဲတာ မဟုတ်ဘူး​လေ။ အဲဒါ အမတ်​တွေ အတူတကွ ကြံ့​ခိုင်​ရေး​ပါတီ ဆိုပြီး​တော့​ မခွဲဘဲ ကိုယ့်​ဒေသအတွက် လုပ်ဖို့​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​အတွက် ​ဆွေး​နွေး​ကြမယ်လို့​ အတွင်း​ကြိတ်ပြီး​ ​တော့​ ဖိတ်​ခေါ်လိုက်တာကို သူတို့​ မလာရဲဘူး​ဗျ။ အဲဒါမျိုး​တွေလည်း​ ရှိတယ်​လေ။ အခုက အ​ပေါ်က ခွင့်​ပြုချက် မရရင် ဘာမှ လုပ်ရဲမယ့်​ အ​ခြေအ​နေ မရှိပါဘူး​။ သူတို့​က ဘာကို ​ကြောက်​နေမှန်း​လည်း​ ကျ​နော်တို့​လည်း​ မသိဘူး​။”

ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဒီမူဝါဒ​တွေဟာ အ​ခြေခံ ဒီမိုက​ရေကစီစံနှုန်း​တွေနဲ့​ ကွာခြား​နေတယ်လို့​လည်း​ အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“အ​ခြေခံဒီမိုက​ရေစီ စံနှုန်း​တွေမှာ​တော့​ ကွာ​နေတာ ဖြစ်တာ​ပေါ့​ဗျာ။ ဒီမိုက​ရေစီ​ခေတ်ကို သွား​ဖို့​ စစ်မှန်တဲ့​ ဒီမိုက​ရေစီပါတီ ဖွဲ့​စည်း​ပုံမျိုး​နဲ့​ ကျ​နော်တို့​က ဖွဲ့​စည်း​ကြတာကိုး​။ ဒါ​တွေက လွှတ်​တော်ထဲမှာပဲ ကိုယ့်​ပါတီအတွင်း​က ဆန့်​ကျင်ဘက်ကို တင်တာလည်း​ ကျ​နော်တို့​က ပြဿနာ မရှိဘူး​လေ။ ကွဲပြား​တဲ့​ အမြင်​တွေကို လက်ခံနိုင်တဲ့​ ဒီမိုက​ရေစီကျင့်​စဉ်ကို ကျ​နော်တို့​က ကျင့်​သုံး​ကြတာကိုး​။ သို့​သော်လည်း​ပဲ သူတို့​အဖို့​က​တော့​ အထက်​အောက်ဆိုတဲ့​ လိုင်း​ရှိတာကိုး​။ အထက်က ဆုံး​ဖြတ်ထား​တဲ့​ဟာကို ​ကျော်လွှား​လို့​ မရတဲ့​ အပိုင်း​တွေ ရှိ​ကောင်း​ ရှိမှာ​ပေါ့​။ အဲဒီအခါကျ​တော့​ သူတို့​ အထက်က ခွင့်​မပြုလို့​ရှိရင် ညှိလို့​ မရဘူး​ဆိုတဲ့​ အ​နေအထား​မျိုး​က ရှိ​နေမှာ​ပေါ့​။ ကျ​နော်တို့​ ပါတီ​တွေနဲ့​ ကွာတာက အဲဒီမှာ သွား​ကွာတာ​ပေါ့​။”

ဒီလို ဒီမိုက​ရေစီစံနှုန်း​တွေနဲ့​ မကိုက်ညီတဲ့​ ပါတီကြီး​တခုရဲ့​ ဦး​ဆောင်မှု​ကြောင့်​ အစိုး​ရသစ်ရဲ့​ ဒီမိုက​ရေစီ​ဖော်​ဆောင်​ရေး​မှာပါ အခက်အခဲ​တွေ ဖြစ်​စေနိုင်တယ် လို့​လည်း​ အခြား​ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်​နေကြပါတယ်။

ဒါ့​အပြင် အထက်​အောက်ချုပ်ကိုင်မှုစနစ် လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေပဲ လွှမ်း​မိုး​နေတဲ့​လွှတ်​တော်က အတည်ပြု ပြဋ္ဌာန်း​လာမယ့်​ ဥပ​ဒေ​တွေဟာလည်း​ ပြည်သူ​တွေအ​ပေါ် ဝန်ထုပ်ဝန်ပိုး​ ဖြစ်​စေမယ့်​ ဥပ​ဒေ ဖြစ်လာမှာကိုလည်း​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​အင်အား​စု​တွေက သံသယ ရှိ​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013